မြန်မာကျပ်ငွေ ၂၀၀၀၀ တန် ငွေစက္ကူကို ယခုလ ၃၁ ရက်နေ့တွင် တရားဝင် ထုတ်ဝေမည်

CRI, July 25, 2023
Size:

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်အရ ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ကာ ၂၀၀၀၀ တန် ငွေစက္ကူကို တရားဝင် ထုတ်ဝေ တော့ မည် ဖြစ်ကြောင်းChina Media Group မှ သတင်း အရ သိရပါ သည်။ ယခု အကြိမ် ထုတ်ဝေ သည့် ၂၀၀၀၀ တန် ငွေစက္ကူသည် မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်နေသော တန်ဖိုးအကြီးဆုံး ငွေကြေး ဖြစ်ပြီး အရေအတွက်အကန့်အသတ်ဖြင့် ထုတ်ဝေမည်ဖြစ်သည်။ ၎င်းငွေကို နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ရန်ကုန်၊မန္တလေးတို့ရှိ ဘဏ်ခွဲများတွင် ငွေလဲလှယ် ထုတ်ယူ နိုင်သည်။ အသစ်ထုတ်သော နှစ်သောင်းတန် ငွေစက္ကူများပေါ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဟူသော စာလုံး ရိုက်နှိပ်ထားပြီး အရှေ့ဘက်တွင် မြန်မာဆင်ဖြူတော် ပုံ ရိုက်နှိပ် ထားသည်။