၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီသည် စတုတ္ထ အကြိမ် အစည်းအဝေး ကျင်းပပြီး ဝမ်ယိအား နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ခန့်အပ်ပြီး ၊ ဖမ်ကုန်ရှင့်အား တရုတ်ပြည်သူ့ဘဏ် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်၊ ရှီကျင့်ဖိန်သည် ဥက္ကဋ္ဌ အမိန့် လက်မှတ်ရေးထိုး

CRI, July 25, 2023
Size:

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီသည် စတုတ္ထ အကြိမ် အစည်းအဝေးကို ဇူလိုင်လ ၂၅ ရက်နေ့က ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ချင်ကမ်းကို နိုင်ငံခြားရေး ဝန်ကြီး ရာထူးမှ နုတ်ပယ်ပြီး ဝမ်ယိအား နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ခန့်အပ်ရန်၊ ယီကမ်းကို တရုတ်ပြည်သူ့ဘဏ် ဥက္ကဋ္ဌ ရာထူးမှ နုတ်ပယ်ပြီး ဖမ်ကုန်ရှင့်အား တရုတ်ပြည်သူ့ဘဏ် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ရန် မဲပေး ဆုံးဖြတ်ခဲ့ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမှတ်(၈) ဥက္ကဋ္ဌ အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လေ့ကြည့်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။