ရှီကျင့်ဖိန်သည် ချန်တူး ၃၁ ကြိမ်မြောက် နိုင်ငံတကာ နွေရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး သံတမန် လှုပ်ရှားမှုများကိုပြုလုပ်မည်

CRI, July 25, 2023
Size:

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇူလိုင်လ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ချန်တူး ၃၁ ကြိမ်မြောက် နိုင်ငံတကာ နွေရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မည် ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနား တက်ရောက်၍ တရုတ်နိုင်ငံတွင် တရားဝင် ခရီး လည့်လည် မည့် နိုင်ငံခြား ခေါင်းဆောင်များအတွက် ကြိုဆိုဧည့်ခံပွဲနှင့် နှစ်ဖက်အကြား သံတမန် လှုပ်ရှားမှုများကိုလည်း ပြုလုပ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က ကြေညာခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနား တက်ရောက်ပြီး တရုတ်နိုင်ငံတွင် တရားဝင် ခရီး လည့်လည်မည့် နိုင်ငံခြား ခေါင်းဆောင်များတွင် အင်ဒိုနီးရှားနိုင်ငံ သမ္မတ၊ မော်ရီတေးနီးယားနိုင်ငံ သမ္မတ၊ ဘူရွန်ဒီနိုင်ငံ သမ္မတ၊ ဂိုင်ယာနာနိုင်ငံ သမ္မတ ၊ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ်နှင့် ဖီဂျီနိုင်ငံ ဝန်ကြီးချုပ်တို့ ပါဝင်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။