ရှင်ကျိုးအမှတ်၁၆မှ အာကာသယာဉ်မှူးများသည် အာကာသယာဉ်အပြင်တွင် စီစဉ်ထား သော အလုပ်တာဝန်အားလုံး အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ

CRI, July 21, 2023
Size:

ဘေကျင်းစံတော်ချိန် ဇူလိုင်လ ၂၀ရက်နေ့ ည၉နာရီ မိနစ်၄၀အချိန်တွင် ၈နာရီခန့်ကြာ အာကာသယာဉ်ထွက်ပြီး ရှင်ကျိုးအမှတ်၁၆မှ အာကာသယာဉ်မှူး Jing Haipeng ၊ Zhu Yangzhu နှင့် Gui Haichao တို့သည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကာ အာကာသစခန်း စက်ရုပ်လက်တံ၏ ပံ့ပိုးကူညီမှုဖြင့် စီစဉ်ထားသော အာကာသယာဉ်အပြင်တွင် အလုပ် တာဝန်အားလုံးကို အောင်မြင်စွာ ပြီးမြောက်သောကြောင့် အာကာသယာဉ်မှူး Jing Haipeng နှင့် Zhu Yangzhu တို့သည် အာကာသစခန်း Wentian စမ်းသပ်ခန်းသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ဝင်ရောက်လာပြီဟု တရုတ်လူပါအာကာသလုပ်ငန်းရုံးမှ ထုတ်ပြန်သော သတင်းကို ကိုးကား၍ China Media Group က ရေးသားဖော်ပြပါသည်။

စီမံကိန်းအရ အာကာသယာဉ်မှူးများသည် အာကာသသိပ္ပံပညာဆိုင်ရာ စမ်းသပ်မှု များနှင့် အာကာသယာဉ်ထွက်ပြီး သက်ဆိုင်ရာတပ်ဆင်ရေးလုပ်ငန်းများကို ဆက်လက် ပြုလုပ်ကြမည် ဖြစ်သည်ဟု သတင်းအရ သိရပါသည်။