ဟိုဘေပြည်နယ် “မွေးမြူရေးနှင့် နေရောင်ခြည် အပြန်အလှန် ဖြည့်ဆည်းပေးမှု” စီမံကိန်းသည် အစိမ်းရောင်လုပ်ငန်းကို အထောက်အကူပြု

CRI, July 21, 2023
Size:

ယခုနှစ်များတွင် ဟိုဘေပြည်နယ် မန်လူမျိုးနှင့် မွန်ဂိုးလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်သည် အစိမ်းရောင်လုပ်ငန်းကို အားဖြည့်ဆောင်ရွက်ပြီး နေရောင်ခြည်စွမ်းအင်၊ မွေးမြူရေး အစာ စိုက်ပျိုး ရေးနှင့် စိမ်းလန်းသော မွေးမြူရေး တို့ ပေါင်းစည်းသည့် နည်းလမ်းကို အသုံးပြုခဲ့ပါသည်။ ဆိုလာပြားများ အောက်တွင် အရည်အ သွေး ကောင်းမွန်သော မြက်ခင်းများကို စိုက်ပျိုးပြီး မြက်ခင်းပြင် လွှမ်းခြုံမှုနှုန်း တိုးလာစေကာ ဂေဟစနစ်ပတ်ဝန်းကျင်ကို ကောင်းမွန်စေပါသည်။ လက်ရှိအချိန်တွင် ယင်းခရိုင်၏  “မွေးမြူရေးနှင့် နေရောင်ခြည် အပြန်အလှန် ဖြည့်ဆည်းပေးမှု” စီမံကိန်းသည် နှစ်စဉ် လျှပ်စစ်ဓာတ်အား ယူနစ် ၅၇၃ သန်း ကို ပံ့ပိုးပေးနိုင်ပြီး မွေးမြူရေးသမား ၃၀၀ကျော် ကို အလုပ်အကိုင် ရရှိစေခဲ့ပါသည်။