လန်ချန်း-မဲခေါင် သမားရိုးကျမဟုတ်သောလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် ကျင်းပ

lmcchina.org, July 21, 2023
Size:

လန်ချန်း-မဲခေါင် သမားရိုးကျမဟုတ်သောလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ လန်ချန်း-မဲခေါင်ခြောက်နိုင်ငံသည် နယ်စပ်ဖြတ်ကျော် တရားမဝင်လှုပ်ရှားမှုများအတွက် နေရာလွတ်များကို လျှော့ချရန် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများ စသောဆိုက်ဘာရာဇဝတ်မှုများကို ပူးတွဲတိုက်ဖျက်မှု အရှိန်မြှင့်တင်ရမည် ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်သောအသိပညာရှင်များက ယူဆကြပါသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဍ်က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ဤဒေသတွင်း လက်တွေ့ကျ အထိရောက်ဆုံး ပူးပေါင်းဆောင်ရွက်မှုယန္တရား ဖြစ်လာပြီ ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် သမားရိုးကျမဟုတ်သောလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို အလေးထားကြောင်း၊ ယခုအကြိမ် ဆွေးနွေးပွဲသည် လက်ရှိနိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေနှင့် ကိုက်ညီပြီး ‌ဒေသတွင်းနိုင်ငံများက သမားရိုးကျမဟုတ်သောလုံခြုံရေးဆိုင်ရာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်း ထောက်ပံ့ပေးလိုက်ကြောင်း၊ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ပါဝင်လိုပြီး ‌ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းသွားလိုကြောင်း ပြောကြာခဲ့ပါသသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်က သမားရိုးကျမဟုတ်သောလုံခြုံရေးပြဿနာသည် လူသားတို့ အသက်ရှင်နေထိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တစ်နေ့တခြား ခြိမ်းခြောက်လာကြောင်း၊ လန်ချန်း-မဲခေါင်ခြောက်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်စမ်းသပ်ဇုန် အတူတကွ တည်ဆောက်ပြီး အကြမ်းဖက်ဝါဒ၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု၊ လူကုန်ကူးမှု စသည့်သမားရိုးကျမဟုတ်သောလုံခြုံ‌ရေးကဏ္ဍများကို ရင်ဆိုင်ရာတွင် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုသည် လုံခြုံရေးပြဿနာကို ဖြေရှင်းသည့် အဓိကသော့ချက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မဲခေါင်မြစ်မိတ်ဖက်နိုင်ငံများနှင့်အတူ သမားရိုးကျမဟုတ်သောလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်ရေးအချက်သစ်များ ဖန်တီးကာ အေးချမ်းသော၊ တည်ငြိမ်သော၊ သာယာဝပြောသောဥယျာဥ်ကြီး အတူတကွ တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် ဆွေနွေးပွဲကို မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့က ကြီးမှူးကျင်ပပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေက ထောက်ပံ့ရာ မြန်မာနိုင်ငံအခြေစိုက် လန်ချန်း-မဲခေါင်နိုင်ငံမှ သံတမန်ကိုယ်စားလှယ်များ၊ အသိပညာရှင်များ စုစုပေါင်း လူ ၁၀၀ ခန့် တက်ရောက်ခဲ့သည်။