“ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအဆိုပြုချက်အား လက်တွေ့ကျင့်သုံး၍ တရုတ်-မြန်မာ ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် လေ့လာအတုယူမှု နက်ရှိုင်းစေခြင်း” ဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၌ ကျင်းပ

lmcchina.org, July 21, 2023
Size:

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ၌ “ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်အား လက်တွေ့ကျင့်သုံး၍ တရုတ်-မြန်မာ ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် လေ့လာအတုယူမှု နက်ရှိုင်းစေခြင်း” ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကို သံမှူး Mr. Pan Feng ဦးဆောင်ကျင်းပပြီး အမှာစကား ပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ပြန်ကြားရေးဆိုင်ရာဝန်ကြီးဌာနများမှ ရန်ကုန်မြို့ရှိ တာဝန်ခံများ၊ သတင်းမီဒီယာများ၊ စာရေးဆရာအသင်း၊ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် စသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၇၀ ကျော် တက်ရောက်ကြသည်။

Mr. Pan Feng က ယခုနှစ် မတ်လတွင် သမ္မတ Mr. Xi Jinping သည် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်ကို အဆိုပြုခဲ့ပြီး နိုင်ငံအသီးသီးမှပြည်သူများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကြရန်၊ ဘုံစိန်ခေါ်မှုများကို အတူလက်တွဲ ရင်ဆိုင်ဖြေရှင်းရန် ဟူသော အရေးကြီးလိုအပ်ချက်များအတွက် အချိန်မီ တုံ့ပြန်ခဲ့ကြောင်း၊ ၎င်းတွင် ကမ္ဘာ့ယဉ်ကျေးမှု မတူကွဲပြားမှုများကို လေးစားရန်၊ လူသားအားလုံး၏ ဘုံတန်ဖိုးများကို ပြန့်ပွားစေရန်၊ ယဉ်ကျေးမှု အမွေဆက်ခံခြင်းနှင့် ဆန်းသစ်တီထွင်ခြင်းကို အလေးထားရန်၊ နိုင်ငံအသီးသီးမှပြည်သူများ၏ အပြန်အလှန်သိရှိနားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများကို တိုးမြှင့်ရန်ဟူ၍ ကဏ္ဍလေးရပ်ဆိုင်ရာ အဆိုပြုမှုများ ပါဝင်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်နေပြီး ရှည်လျားနက်ရှိုင်းသော ယဉ်ကျေးမှုရေစက်နှင့် လူပုဂ္ဂိုလ်ရေစက်များ ရှိကြောင်း၊ မိမိတို့သည် မြန်မာ့နယ်ပယ်အသီးသီးနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်ကို လက်တွေ့ကျင့်သုံးရန်၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပြန့်ပွားစေရန်၊ အပြန်အလှန် လေ့လာအတုယူခြင်းနှင့် ကူးလူးဖလှယ်ခြင်းဖြင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း အတူတကွ တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

နယ်ပယ်အသီးသီးမှကိုယ်စားလှယ်များသည် တရုတ်-မြန်မာ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားကြပြီး ယဉ်ကျေးမှုအဆိုပြုချက်ကို လက်တွေ့ကျင့်သုံးခြင်းမှတစ်ဆင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ဗုဒ္ဓဘာသာ၊ စာပေ၊ ပညာရေး စသည့်ကဏ္ဍများတွင် ကူးလူးဖလှယ်မှုများနှင့် အပြန်အလှန် လေ့လာအတုယူမှုများ ပိုမိုနက်ရှိုင်းစေရေးအတွက် ဘက်ပေါင်းစုံမှ အကြံပြုချက်များ ပေးအပ်ကြပါသည်။