ရှီကျင့်ဖိန်သည် ပြည်လုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ညီလာခံသို့ တက်ရောက်

Yunnan Gateway, July 20, 2023
Size:

တရုတ် ပြည်လုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ညီလာခံသည် ယခုလ ၁၇ရက်နေ့မှ ၁၈ရက်နေ့အထိ ဘေကျင်းတွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဌ ရှီကျင့်ဖိန်သည် ညီလာခံသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ရာ လာမည့် ၅နှစ်သည် သာယာလှပသော တရုတ်ပြည်တည်ဆောက်ရေး အတွက် အရေးကြီးသော အချိန်ကာလ ဖြစ်ကြောင်း၊ ခေတ်ကာလသစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် ဂေဟ ယဉ်ကျေးမှု အတွေးအခေါ်ကို ဇောက်ချ ကျင့်သုံးဖော်ဆောင်ပြီး ပြည်သူများကို ဗဟိုပြုရေးအား စွဲကိုင်ကာ စိမ်းလန်းစိုပြေရေးသည် ကြီးပွားချမ်းသာမှုပင် ဖြစ်ခြင်း အသိအမြင်ကို ခိုင်မာစွာ ထူထောင်၍ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ သာယာလှပသော တရုတ်ပြည် တည်ဆောက်ရေးကို အင်အားကြးမားတောင့်တင်းသော နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသား ပြန်လည်ရှင်သန်ရေးတွင် ထင်ရှားသည့် နေရာ၌ ထားရှိပြီး မြို့ပြနှင့် ကျေးလက်ဒေသ၏ နေထိုင်မှု ပတ်ဝန်းကျင် သိသာထင်ရှားစွာ ကောင်းမွန်စေရန်နှင့် သာယာလှပသော တရုတ်ပြည် တည်ဆောက်ရေးတွင် သိသာထင်ရှားသော အောင်မြင်မှု ရရှိရန် တွန်းအားပေးကာ အရည်အသွေးမြင့်မားသော သဘာဝ ပတ်ဝန်းကျင်ဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ကျားကန်ပေး၍ လူသားနှင့် သဘာဝအကြား သင့်မြတ်သာယာစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုင်ရာ ခေတ်မီရေးကို အရှိန်မြှင့် တွန်းအားပေးရမည်ဖြစ်ကြောင်း ပြောကြားပါသည်။