ရှီကျင့်ဖိန်သည် တရုတ်- ကမ္ဘောဒီးယား သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် ၆၅ နှစ် ပြည့် မြောက် ခြင်း အတွက် ကမ္ဘောဒီးယားဘုရင် Norodom Sihamoni နှင့် ဂုဏ်ပြုကြောင်း သဝဏ်လွှာများ အပြန်အလှန် ပေးပို့

Yunnan Gateway, July 20, 2023
Size:

ယခုလ ၁၉ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်- ကမ္ဘောဒီးယား သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် ၆၅ နှစ် ပြည့် မြောက်ခြင်းအတွက် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni နှင့် ဂုဏ်ပြုကြောင်း သဝဏ်လွှာများကို အပြန်အလှန် ပေးပို့ခဲ့ကြသည်ဟု ဆင်ဟွာသတင်း အရသိရပါသည်။

ရှီကျင့်ဖိန်က မိမိသည် တရုတ်-ကမ္ဘောဒီးယား ဆက်ဆံမှု ဖွံ့ဖြိုးရေးကို အလွန်အရေးထားပြီး တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးတွင် ပိုမိုများပြားသော အောင်ကျိုးရလဒ်များ ရရှိရန်နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူး ဆောင်ကြဉ်းပေးရန် ဘုရင် Sihamoni နှင့် လက်တွဲ ကြိုးပမ်းသွားလိုပါကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။