တရုတ်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုမှာ ပထမနှစ်ဝက်တွင် ၇၅.၇ ရာခိုင်နှုန်းတိုးတက်

Yunnan Gateway, July 19, 2023
Size:

တရုတ်နိုင်ငံ၏ မော်တော်ယာဉ် တင်ပို့မှုသည် ၂၀၂၃ခုနှစ် ပထမနှစ်ဝက် တွင် ယမန်နှစ်ကာလတူကထက် ၇၅.၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း တရုတ်နိုင်ငံမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း၏ အချက်အလက်များအရ သိရသည်။

ယင်းကာလအတွင်း တရုတ်နိုင်ငံမှ မော်တော်ကား ၂.၁၄ သန်းကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ တင်ပို့မှု စုစုပေါင်းအနက် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် အစီးရေ ၅၃၄,၀၀၀ တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၁၆၀ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

တရုတ်နိုင်ငံ၏ ခရီးသည်တင်ယာဉ် တင်ပို့မှုမှာ အစီးရေ ၁.၇၈ သန်းအထိ ယမန်နှစ် အလားတူကာလကထက် ၈၈.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ လုပ်ငန်းသုံး မော်တော်ယာဉ် တင်ပို့မှုမှာ အစီးရေ ၃၆၁,၀၀၀ ရှိပြီး ၃၁.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အဆိုပါ အသင်းမှ သိရသည်။

ဇွန်လတစ်လတည်းတွင် တရုတ်နိုင်ငံသည် မော်တော်ယာဉ်အစီးရေ ၃၈၂,၀၀၀ တင်ပို့ခဲ့ပြီး ၂၀၂၂ ခုနှစ် အလားတူကာလထက် ၅၃.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။