ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ GDPက ပြီးခဲ့သည့်ကာလတူထက် ၅.၅ ရာခိုင်နှုန်းတိုးမြင့်လာ

Yunnan Gateway, July 19, 2023
Size:

ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP)သည် ယွမ် ၅၉၃၀၃.၄ ဘီလီယံ ရှိရာ မပြောင်းလဲသောတန်ဖိုးနှုန်းထားဖြင့် တွက်ချက်မည်ဆိုလျှင် ပြီးခဲ့သည့်နှစ် ကာလတူထက် ၅.၅ ရာခိုင်နှုန်းတိုးမြှင့်လာကြောင်း တရုတ်နိုင်ငံ အမျိုးသား စာရင်းအင်းဗျူရိုက ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့အနက် ဒုတိယ သုံးလပတ်၏ GDPသည် ပြီးခဲ့သည့်ကာလတူထက် ၆.၃ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ကြောင်း သိရသည်။ ပထမနှစ်ဝက်တွင် ရှုပ်ထွေးလှသော နိုင်ငံတကာပတ်ဝန်းကျင် ရင်ဆိုင်မှုနှင့် ပြည်တွင်း ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးဟူသော ခက်ခဲလှသည့် တာဝန်များကို ထမ်းဆောင်ရာတွင် ဒေသတိုင်းရှိ ဌာနဆိုင်ရာအသီးသီးက ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်နှင့် ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိအောင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ဈေးကွက်ဝယ်လိုအား ပြန်လည်ကောင်းမွန်လာခဲ့ပြီး ထုတ်လုပ်မှုထောက်ပံ့ရေး တိုးတက်လာခဲ့ရာတွင် စီးပွားရေးလည်ပတ်မှုတစ်ခုလုံး ပြန်လည်မြင့်တက်လာခဲ့သည်။