အပူချိန်မြင့်မားမှုတွင် လျှပ်စစ်ထောက်ပံ့မှု အာမခံပေးနေသည့် ကမ္ဘာ့အကြီးဆုံး "သန့်ရှင်းသော စွမ်းအင်စင်္ကြံ"

CRI, July 17, 2023
Size:

လတ်တလောတွင် တရုတ်ပြည် ဒေသများစွာတွင် အပူချိန်မြင့်မားနေပါသည်။ မြင့်မားသော အပူချိန်ကြောင့် ဖြစ်ပေါ်နိုင်ဖွယ်ရာရှိသော ဓာတ်အားမလုံလောက်မှုကို ဖြေရှင်းရန် အတွက် ယန်ဇီမြစ်၏ ပင်မမြစ်ကြောင်းတွင် Wudongde၊ Baihetan၊ Xiluodu၊ Xiangjiaba၊ Three Gorges နှင့် Gezhouba ရှိ ရေအားလျှပ်စစ်စခန်း ၆ခုသည် တစ်ရက်တာ အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏမှာ kWh သန်း ၉၀၀ ရှိပြီး တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် ဓာတ်အား ချို့တဲ့မှုကို ထိရောက်စွာ လျော့ပါးစေခဲ့ပါသည်။

ယင်း ရေအားလျှပ်စစ်စခန်း ၆ခုသည် နှစ်စဉ် ပျမ်းမျှ ဓာတ်အား ထုတ်လုပ်မှု ပမာဏမှာ kWh ဘီလီယံ ၃၀၀ခန့် ရှိပြီး နှစ်စဉ် ကျောက်မီးသွေး တန်ချိန် သန်း ၉၀ ကျော် ချွေတာကာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် သန်း ၂၄၀ ခန့် လျှော့ချ၍ တရုတ်နိုင်ငံ အလယ်ပိုင်း၊ အရှေ့ပိုင်း၊ စီချွမ်း၊ ယူနန် နှင့် ကွမ်တုန်းစသည့် ပြည်နယ်များ၏ လျှပ်စစ်ဓာတ်အား ချို့တဲ့မှုကို ထိရောက်စွာ လျှော့ချပေးပါသည်။