လန်ချန်း-မဲခေါင် သတင်းထောက်အဖွဲ့ တရုတ်နိုင်ငံကူမင်းမြို့ သို့ ကိုယ်တိုင်သွားရောက်လေ့လာ

lmcchina.org, July 14, 2023
Size:

လန်ချန်း-မဲခေါင် မီဒီယာပူးပေါင်းဆောင်ရွက်ရေးခေါင်းစဥ်ဖြင့် တွေ့ဆုံမေးမြန်းခြင်းလှုပ်ရှားမှုများကို ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ပြုလုပ်ခဲ့ရာ ယူနန်တက္ကသိုလ်၊ ယူနန်နေ့စဥ်သတင်းစာဌာန၊ နန်ချန်စျေးကွက်၊ ဖုယွမ်ရှီး လေအားလျှပ်စစ်စက်ရုံနှင့် ကူမင်း ကျည်ဆန်ရထားဆိုင်ရာဌာနသို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။

မကြာသေးမီက နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲ ကျင်းပခဲ့သော ယူနန်တက္ကသိုလ်ကျောင်းဝင်းတွင် ပန်းရနံ့သင်းပြီး ပတ်ဝန်းကျင် သာယာလှပလျက်ရှိသည်၊ ယူနန်နေ့စဥ်သတင်းစာဌာနမှ ထုတ်ဝေသည့် အကြောင်းအရာသည် လန်ချန်း-မဲခေါင်ဒေသရှိ ပရိသတ်များထံမှ တစ်ခဲနက်အားပေးမှုကို ရရှိလျက်ရှိသည်။ ဝူဟာခရိုင်မှ နန်ချန်စျေးကွက်တွင် ပန်းမုန့်များ၊ ဆန်မုန့်ကင်၊ လာအိုကော်ဖီ၊ ဗီယက်နမ်ဖို၊ ထိုင်းသရက်သီးကောက်ညှင်း စသော အရှေ့တောင်အာရှ သရေစာဆိုင်များဖြင့် စည်ကားလျက်ရှိသည်။ လက်ရှိ တရုတ်နိုင်ငံတွင် စက်တပ်ဆင်နိုင်မှု အများဆုံး ဖြစ်သော ကုန်းပြင်မြင့် လေအားလျှပ်စစ်အခြေစိုက်နေရာ ဖြစ်သော ဖုယွမ်ရှီး လေအားလျှပ်စစ်စက်ရုံသည် တောင်ထိပ်တွင် ကြီးမားကျယ်ပြန့်စွာ တခမ်းတနား တည်ရှိနေသည်။ မြန်နှုန်းမြင့်ရထားလမ်းပလပ်ဖောင်းတွင် တရုတ်အမြန်ရထားလမ်း၏ လေပွပမာ လျင်မြန်စွာ ခုတ်မောင်းသွားသည်။ ဤမြင်ကွင်းများသည် ယခုအကြိမ် တရုတ်နိုင်ငံ ကူမင်းမြို့သို့ လာရောက်လည်ပတ်သော လန်ချန်း-မဲခေါင် သတင်းထောက်များအတွက် မမေ့နိုင်သောအမှတ်တရများ ဖြစ်ခဲ့ကြောင်း သိရသည်။

 

လန်ချန်း-မဲခေါင် သတင်းထောက်များက ယူနန်တက္ကသိုလ်၊ သတင်းမီဒီယာကောလိပ် စတူဒီယိုကို လည်ပတ်ကြည့်ရှုနေကြသည်ကို တွေ့ရစဥ်။

လန်ချန်း-မဲခေါင် သတင်းထောက်များက ကျောင်းသားကျောင်းသူများနှင့် နှီးနှောဖလှယ်နေကြသည်ကို တွေ့ရစဥ်။

လန်ချန်း-မဲခေါင် သတင်းထောက်များက ယူနန်တက္ကသိုလ်စာကြည့်တိုက်ကို လည်ပတ်ကြည့်ရှုနေကြသည်ကို တွေ့ရစဥ်။

လန်ချန်း-မဲခေါင် သတင်းထောက်များက ယူနန်နေ့စဥ်သတင်းစာဌာနသမိုင်းပြတိုက်ကို လည်ပတ်ကြည့်ရှုနေကြသည်ကို တွေ့ရစဥ်။

လန်ချန်း-မဲခေါင် သတင်းထောက်များက ဖုယွမ်ရှီး လေအားလျှပ်စစ်စခန်းတွင် ဓာတ်ပုံရိုက်ကြနေသည်ကို တွေ့ရစဥ်။

လန်ချန်း-မဲခေါင် သတင်းထောက်များက ကူမင်း ကျည်ဆန်ရထားဆိုင်ရာဌာနတွင် လည်ပတ်ကြည့်ရှုပြီး နှီးနှောဖလှယ်နေကြသည်ကို တွေ့ရစဥ်။