ရှီကျင့်ဖိန်သည် ပါတီတည်ဆောက်ရေးနှင့် ပါတီဝင်ရေးရာ လုပ်ငန်းများဆိုင်ရာ အရေးကြီးသော ညွှန်ကြားချက် ပြုလုပ်

CRI, July 14, 2023
Size:

    မကြာမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ် နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပါတီ တည်ဆောက်ရေးနှင့် ပါတီဝင်ရေးရာ လုပ်ငန်းများဆိုင်ရာ အရေးကြီးသော ညွှန်ကြားချက် ပြုလုပ်ခဲ့ရာ၌ ခေတ်မီ ဆိုရှယ်လစ်နိုင်ငံ ဘက်စုံတည်ဆောက်ပြီး တရုတ်အမျိုးသား၏ ကြီးမြတ်သော ပြန်လည်ရှင်သန်ရေးကို ဘက်စုံတွန်းအားပေးရာတွင် သော့ချက်ကျသည်မှာ ပါတီနှင့် လူဖြစ်ကြောင်း ဖော်ပြသည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။