လန်ချန်း-မဲခေါင်၊ချန်တူးမြို့မှ ဥရောပအထိ ရထား စတင်ပြေးဆွဲ၊ တရုတ်-လာအို မီးရထားနှင့် တရုတ်-ဥရောပရထား တရားဝင်ချိတ်ဆက်

CRI, July 12, 2023
Size:

ဇူလိုင်လ ၇ ရက်နေ့ နံနက်တွင် ထိုင်းမော်တော်ယာဉ်ပစ္စည်းများ တင်ဆောင်လာသော ရထားတစ်စင်းသည် ချန်တူး အပြည်ပြည်ဆိုင်ရာ မီးရထားဘူတာရုံမှ ဥရောပသို့ ထွက်ခွာခဲ့သည်။ ယင်းသည် လန်ချန်း-မဲခေါင်၊ချန်တူးမြို့မှ ဥရောပအထိရထား၏ ပထမဆုံးအကြိမ် ထွက်ခွာမှုဖြစ်သလို တရုတ်-လာအို မီးရထားနှင့် တရုတ်-ဥရောပ မီးရထားတို့ကြား တရားဝင်ချိတ်ဆက်ထားသည်ဟုလည်း သိရှိရ ပါသည်။

လန်ချန်း-မဲခေါင်၊ချန်တူးမြို့မှ ဥရောပအထိ သွားမည့် အမြန်ရထားသည် ရထားလမ်းမြေပုံအရ အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် စနေနေ့တိုင်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တောင်ဘက်မှ ထွက်ခွာပြီး တရုတ်-လာအို မီးရထားလမ်းနှင့် ချန်တူး-ကူမင်း မီးရထားလမ်းတို့ကို ဖြတ်သန်းကာ ဥရောပသို့ တိုက်ရိုက်သွားမည်ဖြစ်သည်။ အရှေ့တောင်အာရှမှ ဥရောပသို့ မီးရထားဖြင့် တိုက်ရိုက်ဝင်ရောက် သွားလာနိုင်မှုကြောင့် ကုန်စည် သယ်ယူပို့ဆောင်ရေး အချိန်သည် အမြန်ဆုံး ၁၅ ရက်သာ လိုတော့မည် ဖြစ် သည်။