ရှီကျင့်ဖိန်သည် ဗဟိုပြုပြင်ပြောင်းလဲမှုဘက်စုံဇောက်ချ ပြုလုပ်ရေးကော်မရှင် ဒုတိယအကြိမ် အစည်းအဝေးကိုကြီးမှူးကျင်းပ

Yunnan Gateway, July 12, 2023
Size:

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗဟိုပြုပြင်ပြောင်းလဲမှုဘက်စုံဇောက်ချ ပြုလုပ်ရေးကော်မရှင် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဗဟိုပြုပြင်ပြောင်းလဲမှုဘက်စုံဇောက်ချ ပြုလုပ်ရေးကော်မရှင် ဒုတိယအကြိမ် အစည်းအဝေးကိုကြီးမှူးကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အရည်အသွေးပိုမိုမြင့်မားသောတံခါးဖွင့် စီးပွားရေးစနစ်သစ်ကိုတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသစ် တည်ဆောက်မှုတိုးမြှင့်ရေးဆိုင်ရာလမ်းညွှန်ချက်စာတမ်း၊ ကျေးလက်ဒေသပြုပြင်ပြောင်းလဲရေးဖော်ဆောင်မှုဇောက်ချပြုလုပ်ရေးအစီအစဉ် စသည့် စာတမ်းများကိုစိစစ် အတည်ပြုခဲ့ပါသည်။

အစည်းအဝေးတွင် ရှီကျင့်ဖိန်ကအရည်အသွေးပိုမိုမြင့်မားသောတံခါးဖွင့် စီးပွားရေးစနစ်သစ်ကိုတည်ဆောက်ရေးသည် တံခါးဖွင့်ရေးဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုတွန်းအားပေးရန်အတွက် မဟာဗျူဟာမြောက် ဆောင်ရွက်ချက်ပင် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသစ် တည်ဆောက်မှုအားအကျိုးဆောင်ပေးခြင်းကို ဝိုင်းဝန်းပြီး စနစ်ဆိုင်ရာ တံခါးဖွင့်ရေးကို အဓိကထားဆောင်ရွက်ကာ ရင်းနှီးမြှုပ်နှံရေး၊ ကုန်သွယ်ရေး၊ ငွေရေးကြေးရေး၊ ဆန်းသစ်တီထွင်ရေးစသည့် နိုင်ငံခြားနှင့် ကူးလူးဆက်ဆံ၊ ပူးပေါင်းဆောင်ရွက်ရေးအဓိကနယ်ပယ်များ၌ စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို အလေးထားဖော်ဆောင်၍ တရုတ်နိုင်ငံ၏ တံခါးဖွင့်ရေးအရည်အချင်းကို အဆင့်မြှင့်တင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။