ရှီကျင့်ဖိန်သည် ကမ္ဘာလုံးဆိုင်ရာ အတူမျှဝေ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုဖိုရမ်၏ ပထမဆုံးအကြိမ် အဆင့်မြင့် အစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

Yunnan Gateway, July 10, 2023
Size:

ဇူလိုင်လ ၁၀ ရက်နေ့မှာ တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန် သည် ကမ္ဘာလုံးဆိုင်ရာ အတူမျှဝေ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုဖိုရမ်၏ ပထမဆုံးအကြိမ်အဆင့်မြင့်အစည်းအဝေးသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က ဖွံ့ဖြိုးတိုးတက်မှုသည် လူသားအဖွဲ့အစည်း၏ ထာဝရ ဆောင်ပုဒ်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရင်းအမြစ် ထည့်သွင်း မှုကို တစ်ဆင့်တိုးမြှင့်သွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကမ်းလှမ်းချက်ကို နက်ရှိုင်း စေရန်နှင့် အကောင်အထည်ဖော်နိုင်ရန် ဆက်လက်မြှင့်တင်ကာ ကုလသမဂ္ဂ၏ ၂၀၃ဝ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး ရည်မှန်းချက်ကို သတ်မှတ်သည့်အချိန်အတိုင်း အကောင်အထည်ဖော်ရန်နှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရန် အကျိုးပြုစွမ်းဆောင်မှုအသစ်များ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြပါသည်။