၂၀၂၃ခုနှစ် ကမ္ဘာ့AI အထွေထွေညီလာခံကို ရှန်ဟိုင်းတွင် ဖွင့်လှစ်

CRI, July 7, 2023
Size:

၂၀၂၃ခုနှစ် ကမ္ဘာ့AI အထွေထွေညီလာခံကို ဇူလိုင်လ ၆ ရက်နေ့က ရှန်ဟိုင်း ကမ္ဘာ ကုန်စည်ပြပွဲစင်တာတွင် ဖွင့်လှစ်ခဲ့ပါသည်။ ယခုအကြိမ်ညီလာခံ၏ ဆောင်ပုဒ်မှာ “ဉာဏ်ပညာဖြင့် ချိတ်ဆက်ထားသောကမ္ဘာ အနာဂတ်ကို ဖန်တီးပါ”ဖြစ်ပါသည်။ ယခုအကြိမ်ညီလာခံတွင် သိပ္ပံနည်းပညာ ရှေ့တန်းနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးနှင့် အခြားဖိုရမ်များ ကျင်းပခြင်းအပြင် လုပ်ငန်းကုမ္ပဏီ ၄၀၀ ကျော်သည် ဧရိယာ စတုရန်းမီတာ ၅ သောင်းရှိသည့် ပြခန်းနေရာတွင် နောက်ဆုံးပေါ် မော်ဒယ်များ၊ ချစ်ပ်များ၊ စက်ရုပ်များ နှင့် AI မောင်းနှင်မှု များကိုလည်း ပြသမည်ဖြစ်ပါသည်။