လန်ချန်း-မဲခေါင်ဒေသ စွမ်းအင်သစ်သုံး မော်တော်ယာဉ်လုပ်ငန်း ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေး GAC Aian တွန်းအားပေး

lmcchina.org, July 7, 2023
Size:

၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် မိတ်ဖက်မီဒီယာထိပ်သီးအစည်းအဝေးမှ ဧည့်သည်များသည် GAC Aian New Energy Automobile Co., Ltd. သို့ ဇွန်လ ၃၀ ရက်တွင် သွားရောက်လည်ပတ်ကြည့်ရှုခဲ့ကြပါသည်။

 “ရပ်ဝန်းနှင့် ပိုးလမ်းမ”ဟူသောအဆိုပြုချက်ကို ဖော်ဆောင်သည့်အနေဖြင့် ကွမ်တုန်း ကုန်သွယ်စီးပွားကိုယ်စားလှယ်အဖွဲ့သည် အာဆီယံနိုင်ငံများ စီးပွားရေးနယ်ပယ်ရှိ လူပုဂ္ဂိုလ်များနှင့် ဇွန် ၂၃ ရက်မှ ဇူလိုင် ၂ ရက်အထိ၊ အပြန်အလှန်ဖလှယ်မှုများ ပြုလုပ်ခဲ့ရာ  ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို မြှင့်တင်ရန် ဆောင်ရွက်ခဲ့ပါသည်။ တရုတ်(ကွမ်တုန်း)၏ ထိုင်းကုန်သွယ်စီးပွားကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၈ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ရာ ၎င်းတို့အနက် GAC Aian က တစ်ဦးတည်းသော ကားကုမ္ပဏီ ကိုယ်စားလှယ်အဖြစ် စာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည်။

ယခုနှစ်ပိုင်းများအတွင်း တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးကားများသည် လျင်မြန်စွာ ဖွံ့ဖြိုးလာခဲ့သည်။  ယခု ထိုင်းနိုင်ငံ၏ စွမ်းအင်သစ်သုံး မော်တော်ယာဉ်လုပ်ငန်းသည် ကနဦးခြေလှမ်း စတင်နေပြီ ဖြစ်ပြီး တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စွမ်းအင်သစ်သုံးကားစျေးကွက်နှင့် ကမ္ဘာ့ထိပ်တန်း စွမ်းအင်သစ်နည်းပညာများ ရှိသည်။ ယခုတစ်ကြိမ် ထိုင်းဈေးကွက်သို့ ဝင်ရောက်ရန်အတွက် GAC Aian သည် ထိုင်းကုမ္ပဏီခွဲကို အရှေ့တောင်အာရှရုံးချုပ်အဖြစ် ထားရှိမည် ဖြစ်သည်။ မော်တော်ယာဉ်များ စင်းလုံး ပြည်ပသို့‌ တင်ပို့ရောင်းချခြင်းမှ ပြည်ပစက်ရုံများ တည်ထောင်ခြင်းအထိ၊ ယင်းပြည်တွင်းမှာပင် ဖွံ့ဖြိုးတိုးတက်သည်အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုမှတစ်ဆင့် လန်ချန်း-မဲခေါင်ဒေသတွင် ရင်းနှီးမြုပ်နှံမှုနှင့် စက်ရုံများ တိုးချဲ့တည်ဆောက်သွားမည် ဖြစ်ရာ အဆင့်မြင့်တံခါးဖွင့်ခြင်းကို ခိုင်မာစွာ ကျင့်သုံးကာ လန်ချန်း-မဲခေါင်ဒေသ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တက်ကြွစွာ မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်သည်။