China Southern Power Grid Company က လန်ချန်း-မဲခေါင်‌‌ဒေသ စွမ်းအင်နှင့် လျှပ်စစ် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး

lmcchina.org, July 7, 2023
Size:

ဇူလိုင်လ ၁ ရက်နေ့ လန်ချန်း-မဲခေါင် ၆ နိုင်ငံမှ သက်ဆိုင်ရာဌာနများနှင့် မီဒီယာလုပ်ငန်းများ ပါဝင်သော လေ့လာရေးအဖွဲ့သည် China Southern Power Grid Company  သို့ သွားရောက်ခဲ့သည်။

အထက်ပါကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်မှုရပ်ကွက်သည် ဟောင်ကောင်၊ မကာအို၊ ဗီယက်နမ်၊ လာအို၊ မြန်မာ စသောနိုင်ငံနှင့် ဒေသနှင့် ဆက်စပ်သည်။ ကြာရှည်လှသောကာလတွင် ၎င်းကုမ္ပဏီသည် အရည်အသွေးမြင့်စွာ “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်” စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းသို့ ပါဝင်လုပ်ဆောင်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် လျှပ်စစ်ကွန်ရက်ဆက်သွယ်မှုလုပ်ငန်းနှင့် တရုတ်-လာအို မီးရထားလမ်း၏ ပြင်ပလျှပ်စစ်ထောက်ပံ့ရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်အောင် တွန်းအားပေးခဲ့သည်။ ထို့ပြင် ဗီယက်နမ် Vinh Tan 1 လျှပ်စစ်စီမံကိန်းနှင့် လာအို Nam Tha 1 ‌ရေအားလျှပ်စစ်စိမံကိန်း စသော ပြည်ပရင်းနှီမြှပ်နှံမှုစီမံကိန်းများ၏ စီမံအုပ်ချုပ်မှုလုပ်ငန်းများကို ဆက်လက်တိုးမြှင့်၍ လာအိုနိုင်ငံ မြောက်ပိုင်းဒေသရှိ ၂၃၀ KV  လျှပ်စစ်ကွန်ရက်လုပ်ငန်း အရည်အသွေးမြင့်စွာ တည်ဆောက်ရေး ဟူသော ပြည်ပဂန်တရိုက်လုပ်ငန်း လုပ်ဆောင်လျက် လန်ချန်း-မဲခေါင်ဒေသ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ပူး‌ပေါင်းဆောင်ရွက်မှုကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ အကျိုးရလဒ်များကို အတူခံစားခြင်း၊ အကျိုးစီးပွားကို အပြန်အလှန် ဖြစ်ထွန်းစေခြင်းဖြင့် “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်” တည်ဆောက်ရေးလုပ်ငန်းကို တွန်းအားပေးပြီး မီးရထားလမ်းတစ်လျှောက်မှ ဒေသခံပြည်သူများ ကြွယ်ဝချမ်းသာစွာ နေထိုင်စေခြင်းလုပ်ငန်းဘက်တွင် တရုတ်-လာအို မီးရထားလမ်းသည် လက်တွေ့ကျသောသက်သေတစ်ခု ဖြစ်ကြောင်း၊ တရုတ်-လာအို မီးရထားလမ်းအတွက် ပြင်ပလျှပ်စစ်ထောက်ပံ့မှုကို ဆောင်ရွက်ပေးခြင်းသည် လာအိုနိုင်ငံ၏ အစိမ်းရောင် တိုးတက်မှုလုပ်ငန်းကို များစွာ အကျိုးပြုလျက်ရှိကြောင်း China Southern Power Grid Company  လက်အောက်မှ တရုတ်-လာအို လျှပ်စစ်ဓာတ်အားကုမ္ပဏီမှ လာအိုဝန်ထမ်း Zhao Mingyan က ပြောကြားသည်။