နွေရာသီ ဒါဗို့စ်ဖိုရမ် တက်ရောက်နေသူများ၏ ပြောကြားချက်များ

Yunnan Gateway, July 6, 2023
Size:

နွေရာသီ ဒါဗို့စ်ဖိုရမ်ကို တရုတ်နိုင်ငံ ထျန်ကျင်းမြို့မှာ ကျင်းပနေပြီး နိုင်ငံနှင့် ဒေသ တစ်ရာခန့်မှ နိုင်ငံရေး၊ စီးပွားရေးနှင့် သုတေသနပြုရေး လောကမှ ပုဂ္ဂိုလ် ၁၅၀၀ ကျော်ပါဝင်တက်ရောက်နေကြပါသည်။ ယခုအကြိမ်ဖိုရမ်၏ ဆောင်ပုဒ်သည် “လုပ်ငန်းရှင်များ စိတ်ဓါတ်- ကမ္ဘာ့စီးပွားရေး၏ တွန်းအား” ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ဖော်ဆောင်ရေးကို အဓိကထား ဆွေးနွေးမှာဖြစ်ပါသည်။

ဒိန်းမတ်နိုင်ငံ အစားအစာ သိပ္ပံနည်းပညာကုမ္ပဏီတစ်ခု တည်ထောင်သူ ကရီစ်ထင်စင်သည် “လာမယ့် ဆယ်နှစ်ကျော်အတွင်း တရုတ်နိုင်ငံမှာ စက်ရုံ သုံးလေးဆယ်လောက် ထားရှိဖို့ ကျွန်တော် စီစဉ်ထားတယ်။ တရုတ်ပြည်မှာ ကြီးမားတဲ့ ဈေးကွက်နဲ့ အားကောင်းတဲ့ ပို့ဆောင်ရေးစနစ်ဟာ ကျွန်တော်ကို စက်ရုံများ ထားရှိဖို့ ဆွဲဆောင်တဲ့ အကြောင်းရင်းပါပဲ”ဟု China Media Groupမှ သတင်းထောက်ကို ပြောပြပါသည်။

ကနေဒါစက်မှုနှင့် ကုန်ထုတ်လုပ်မှုလောကမှ ကိုယ်စားလှယ် ဇာအိုလောဖ်က “တရုတ်ပြည်ရဲ့ ထိရောက်မှုထင်ရှားတဲ့ စီမံခန့်ခွဲရေး အရည်အချင်းနဲ့ ရည်ရွယ်ချက် ထင်ရှားတဲ့ မူဝါဒ ဆောင်ရွက်ချက်တွေဟာ လုပ်ငန်းနယ်ပယ်အသီးသီးမှာ တိုးတက်မှုများကို ထိန်းသိမ်းထားစေနိုင်တယ်”ဟု ပြောကြားပါသည်။

ဖိုရမ် တက်ရောက်နေသည့် အခြားနိုင်ငံများမှ ကိုယ်စားလှယ်များကလည်း ၎င်းတို့သည် တရုတ်ပြည်ရဲ့ စားသုံးမှု ဈေးကွက်များ၊ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းရေးနှင့် ငွေကြေးဖောင်ပွမှု ကာကွယ်ရေး စွမ်းရည်တွေနဲ့ ဆန်းသစ်တီထွင်ရေး အရည်အချင်းတို့ အပေါ် အကောင်းမြင်ကြောင်း ပြောကြပါသည်။

ဖိုရမ် တက်ရောက်နေသော စက်မှုနှင့် ကုန်ထုတ်လုပ်မှု လောကမှ ကိုယ်စားလှယ်များက တရုတ်နိုင်ငံနှင့် “ချိတ်ဆက်မှု ဖြတ်တောက်ခြင်း”ဆိုတဲ့ အနောက်နိုင်ငံအချို့၏ ပြောဆိုချက်သည် ပူးပေါင်းဆောင်ရွက်မှုနှင့် အခွင့်အလမ်းများကို ဖြတ်တောက်ခြင်းနဲ့ တူညီပြီး စီးပွားရေး ဥပဒေသနှင့် ကျောခိုင်းကာ လက်ခံနိုင်မည် မဟုတ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေသည့် ယနေ့မှာ ဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ခြင်းမှသာ အမှန်စင်စစ်သော အန္တရာယ်ပင် ဖြစ်ကြောင်း China Media Group မှ သတင်းထောက်ကို ပြောကြားခဲ့ကြပါသည်။