ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးရရှိ စေရေး ဟူသော ခေတ်ရေစီးကြောင်းကို မတားမြစ်နိုင်ဟု ရှီကျင့်ဖိန်ဆို

Yunnan Gateway, July 6, 2023
Size:

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ယခုလ ၄ ရက်နေ့ ညနေပိုင်းက ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ၏ ၂၃ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ ကောင်စီ အစည်းအဝေးကို ဗီဒီယိုစနစ်ဖြင့် တက်ရောက်ပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က လက်ရှိကမ္ဘာတွင် ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှု ရောနှောပြီး လူ့ဘောင်အဖွဲ့အစည်းသည် မကြုံစဖူး ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ စည်းလုံးညီညွတ်မလား၊ သွေးကွဲမလား၊ ငြိမ်းချမ်းရေး ရှိမလား၊ သို့မဟုတ် စစ်ပွဲတွင်း ကျရောက်မလား၊ ပူးပေါင်းဆောင်ရွက်မလား၊ သို့မဟုတ် ခုခံယှဉ်ပြိုင်မလား ဆိုသည်မှာ ယနေ့ခေတ်၏ မေးခွန်းထပ်မံ ဖြစ်လာကြောင်း၊ မိမိ၏ ဖြေကြားချက်မှာ နိုင်ငံ အသီးသီးမှ ပြည်သူများ၏ ကောင်းမွန်သော နေထိုင်မှု ဘဝ အပေါ် မျှော်မှန်းတောင့်တခြင်းသည် မိမိတို့၏ ကြိုးပမ်းမှုပင် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးရရှိစေရေး ဟူသော ခေတ်ရေစီးကြောင်းကို မတားမြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။