ရှီကျင့်ဖိန်သည် တတိယ အကြိမ်မြောက် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် အတုယူလေ့လာရေး ဆွေးနွေးပွဲသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

CRI, July 5, 2023
Size:

ယခုလ ၃ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် တတိယ အကြိမ်မြောက် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် အတုယူလေ့လာရေး ဆွေးနွေးပွဲနှင့် ပထမဆုံး အကြိမ် ကမ္ဘာ တရုတ်ရေးရာ ပညာရှင်(Sinologist)များ ညီလာခံ ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က မတူကွဲပြားသော ယဉ်ကျေးမှုများ အကြား တန်းတူညီမျှစွာ ကူးလူးဖလှယ်ပြီး အပြန်အလှန် အတုယူ လေ့လာခြင်းသည် လူသား အတွက် ယနေ့ခေတ်၏ ခက်ခဲသော မေးခွန်းများကို ဖြေကြားပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရန်  အားကောင်းသော စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုကို ပံ့ပိုးပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် ရှီကျင့်ဖိန်က တရုတ်ပြည်သည် ဘက်အသီးသီးတို့နှင့် အတူ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ သမာသမတ်ကျရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်ရေး ဖြစ်သော လူသား တစ်ရပ်လုံး၏ ဘုံတန်ဖိုးအမြင်များကို ပြန့်ပွားစေပြီး ကမ္ဘာ့ ယဉ်ကျေးမှု အဆိုပြုချက်ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ကာ လူသား ယဉ်ကျေးမှု တိုးတက်ရေးကို တိုးမြှင့်ရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုကြောင်း အလေးထား ပြောကြားခဲ့ပါသည်။