တရုတ်နှင့် ဗီယက်နမ် အကြားရှိ ဆွေမျိုးကို သွားရောက်ကြည့်ရှုသလို အမြဲကူးလူး သွားလာ ခြင်းသည် ကောင်းမွန်သော အစဉ်အလာ ဖြစ်သည်ဟု ရှီကျင့်ဖိန်ဆို

Yunnan Gateway, July 4, 2023
Size:

ယခုလ ၂၇ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် တရားဝင် အလည်အပတ် ရောက်ရှိလာသော ဗီယက်နမ် ဝန်ကြီးချုပ် Phạm Minh Chính နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံ ကွန်မြူနစ်ပါတီ ၂ခု အကြားနှင့် နှစ်နိုင်ငံ ခေါင်းဆောင်များ အကြားရှိ ဆွေမျိုးကို သွားရောက်ကြည့်ရှုသလို အမြဲ ကူးလူးသွားလာခြင်းသည် ကောင်းမွန်သော အစဉ်အလာ ဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု ထားရှိသည့် ၁၅နှစ် ပြည့်မြောက်သည့် နှစ် ဖြစ်ကြောင်း၊ တစ်နေ့တခြား တင်းမာခက်ခဲပြီး ရှုပ်ထွေးလာသော နိုင်ငံတကာ အခြေအနေကို ရင်ဆိုင်ရေး အတွက် တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့သည် လက်တွဲ ပူးပေါင်းဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ ရှာကြံကာ ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှု ရောနှောနေသော ကမ္ဘာ အတွက် ပိုမိုများပြားသော တည်ငြိမ်မှုများကို ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ပြောကြားပါသည်။

Phạm Minh Chính က သမ္မတရှီကျင့်ဖိန် အချိန်ယူပြီး မိမိနှင့် ကိုယ်စားလှယ်အဖွဲ့တို့အား တွေ့ဆုံနှုတ်ဆက်သည့်အတွက် အလွန် ကျေးဇူးတင်ရှိကြောင်း၊ ယင်းသည် မိမိတို့ နှစ်နိုင်ငံ၏ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု အပေါ် တရုတ် ကွန်မြူနစ်ပါတီနှင့် တရုတ် နိုင်ငံ၏ လွန်စွာ အလေးထားခြင်းကို အပြည့်အဝ‌ ပြသ နေ ကြောင်း ပြောကြားခဲ့ပါသည်။