ရှီကျင့်ဖိန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ၏ ၂၃ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များကောင်စီ အစည်းအဝေးသို့ တက်ရောက်မည်

Yunnan Gateway, July 4, 2023
Size:

အိန္ဒိယဝန်ကြီးချုပ် မော်ဒီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဇူလိုင်လ ၄ ရက်နေ့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ၏ ၂၃ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များကောင်စီ အစည်းအဝေးကို ဗီဒီယိုစနစ်ဖြင့်ပါဝင်ပြီး အရေးကြီးမိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။