မြန်မာ့လေကြောင်းမှ မန်စီ-ရန်ကုန် နိုင်ငံတကာလေကြောင်းခရီးစဉ်ပြေးဆွဲ

Yunnan Gateway, July 3, 2023
Size:

ဇွန်လ ၂၉ ရက်တွင် ပထမဆုံးသော ပြည်ပလေကြောင်းကုမ္ပဏီဖြစ်သည့် မြန်မာ့လေကြောင်း ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲသည့် တရုတ်နိုင်ငံ မန်စီမြို့ မှ မြန်မာနိုင်ငံ ရန်ကုန်မြို့ (မန္တလေးမြို့တွင် ခေတ္တရပ်နား)သို့ ပထမဆုံး နိုင်ငံတကာလေကြောင်းခရီးစဉ်တစ်ခု အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့ခြင်းမှာ မြန်မာ့လေကြောင်းကုမ္ပဏီသည် တယ်ဟုန်တွင် ရုံးစိုက်သည့် ပထမဆုံးသော ပြည်ပလေကြောင်း ကုမ္ပဏီဖြစ်ကြောင်း ဖော်ပြနေသည့် သင်္ကေတဖြစ်ပါသည်။ ယခုတစ်ကြိမ် မြန်မာ့လေကြောင်းကုမ္ပဏီမှ အသစ်ပြေးဆွဲသည့် "မန်စီ-မန္တလေး-ရန်ကုန်” နိုင်ငံတကာလေကြောင်းခရီးစဉ်သည် တစ်ပတ်လျှင် (၃)ကြိမ်၊ အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် ပြေးဆွဲသွားမည် ဖြစ်ပါသည်။ ဤ လေကြောင်းခရီးစဉ်သည် မန်စီမြို့မှ ရန်ကုန်မြို့သို့ (မန္တလေးမြို့တွင် ခေတ္တရပ်နား) “လေယာဉ်တစ်စင်းတည်းအရောက်၊ မြို့နှစ်မြို့ပူးပေါင်းဆောင်ရွက်၊ ဝန်စည်စလွယ်များ တိုက်ရိုက်ရောက်ရှိ” ဟူသည်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး အကြားအလပ်တွင် လေယာဉ်ချိန်းပြောင်းခြင်းမရှိဘဲ ခရီးဆောင်အိတ်များ တိုက်ရိုက်ရောက်ရှိသည့် ဝန်ဆောင်မှု အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

ပထမဆုံးလေကြောင်းခရီးစဉ်ပြေးဆွဲသည့် အခမ်းအနားတွင် တယ်ဟုန်တိုင်လူမျိုး၊ ဂျိမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ သက်ဆိုင်ရာတာဝန်ရှိသူမှ တယ်ဟုန်နှင့် မြန်မာနိုင်ငံသည် တောတောင်ရေမြေဆက်စပ်နေပြီး ယခုတစ်ကြိမ် “မန်စီ-မန္တလေး-ရန်ကုန်” နိုင်ငံတကာလေကြောင်းခရီးစဉ် ပြေးဆွဲခြင်းသည် နှစ်ဦးနှစ်ဖက် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများအား ပိုမိုကြီးမားစွာ ဖွံ့ဖြိုးတိုးတက်လာစေမည်ဟု ပြောကြားခဲ့ပါသည်။ တယ်ဟုန်ခရိုင်ခွဲသည် လေကြောင်းလိုင်းသစ် ဖွင့်လှစ်ခြင်းမှတဆင့် မြန်မာနိုင်ငံအစိုးရ၊ ကုမ္ပဏီ၊ အရပ်ဘက်တို့နှင့် ချစ်ကြည်ရေး ဆွေးနွေးဖလှယ်မှုများအား အဆက်မပြတ် ပိုမိုနက်ရှိုင်းစွာ ပြုလုပ်သွားမည် ဖြစ်ပြီး နှစ်ဦးနှစ်ဖက်၏ စီးပွားရေး၊ ယဉ်ကျေးမှု၊ ခရီးသွားစသည့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာ့လေကြောင်းဦးစီးဌာန၏ သက်ဆိုင်ရာတာဝန်ရှိသူမှ တရုတ်နိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ပထမဆုံးအကြိမ် ကူမင်း-ရန်ကုန် လေကြောင်းခရီးစဉ် ဖွင့်လှစ်ခဲ့သည်မှစ၍ နှစ်နိုင်ငံသည် အများသုံးလေကြောင်းသယ်ယူပို့ဆောင်ရေးအပိုင်းမှ ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၉ ခုနှစ်တွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ မန်စီမြို့သည် တရုတ်နိုင်ငံမှ တောင်အာရှ၊ အရှေ့တောင်အာရှ လေကြောင်းသယ်ယူပို့ဆောင်ရေးများနှင့် ဆက်သွယ်သည့် အဓိကဗဟိုချက်မမြို့ ဖြစ်ပြီး မြန်မာ့လေကြောင်းကုမ္ပဏီမှ မန်စီမြို့ နိုင်ငံတကာလေကြောင်းခရီးစဉ် ဖွင့်လှစ်ခြင်းဖြင့် ဒေသများအကြား ခရီးသည်အသွားအလာ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးတို့အား တစ်ဆင့်တိုးမြှင့်နိုင်မည်ဖြစ်ကာ တရုတ်-မြန်မာနှစ်နိုင်ငံ လူမှုယဉ်ကျေးမှု ဆွေးနွေးဖလှယ်မှုအတွက် အရေးပါသော တိုးမြှင့်မှုကဏ္ဍတစ်ခု ဖြစ်လာမည်ဖြစ်သည်။

စာရင်းများအရ တယ်ဟုန်ခရိုင်ခွဲ မန်စီမြို့ရှိ နိုင်ငံတကာလေဆိပ်သည် ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်၏ ခွင့်ပြုမိန့်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မန်စီမြို့ မှ မန္တလေးမြို့ နှင့် ရန်ကုန်မြို့သို့ နိုင်ငံတကာလေကြောင်းခရီးစဉ်(၂)ခု ရှေ့ဆင့်နောက်ဆင့် ပြေးဆွဲခဲ့ပါသည်။ ယခုတစ်ကြိမ် လေကြောင်းလိုင်းပြေးဆွဲပြီးနောက် တယ်ဟုန်မှ နိုင်ငံတကာလေကြောင်းခရီးစဉ်(၂)ခုသည် အလုံးစုံပြန်လည်ပြေးဆွဲပြီဖြစ်ပြီး မန်စီမြို့မှ မန္တလေးမြို့သို့ တစ်နေ့တစ်ကြောင်း ပျံသန်းသွားမည်ဖြစ်ကာ တယ်ဟုန်ခရိုင်ခွဲ မန်စီမြို့နိုင်ငံတကာလေဆိပ်၏ စွမ်းဆောင်မှုနှင့် အသုံးဝင်မှုသည် နောက်တစ်ဆင့် ထွက်ပေါ်လာမည် ဖြစ်ပါသည်။

ပထမဆုံးလေကြောင်းပျံသန်းမှု အခမ်းအနားသို့ ကူမင်းမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်၊ မြန်မာ့လေကြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်၊ မြန်မာ့လေကြောင်းကုမ္ပဏီ CCO ဦးနိုင်စိုးလွင်၊ တယ်ဟုန်ခရိုင်ခွဲကော်မတီ တာဝန်ရှိသူတို့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။