တရုတ်-မြန်မာလမ်းကြောင်းသစ်ကို စူးစမ်းလေ့လာ - လမ်းကြောင်းကို အတူတကွတည်ဆောက်၍ ပလပ်ဖောင်းကို အတူတကွမျှဝေကာ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွမြှင့်တင်မည်

lmcchina.org, June 30, 2023
Size:

စတုတ္ထအကြိမ်မြောက် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးကုန်စည်ပြပွဲကို မေလ ၂၅ ရက်မှ ၂၈ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့သည်။ “ဖွံ့ဖြိုးမှုသစ်များ ရရှိရန် လမ်းကြောင်းသစ်များ တည်ဆောက်စို့” ဟူသောခေါင်းစဥ်ဖြင့် ကျင်းပသော ယခုအကြိမ် နယ်စပ်စီးပွားရေးကုန်စည်ပြပွဲ၏ ရည်ရွယ်ချက်မှာ ”ရပ်ဝန်းနှင့် ပိုးလမ်းမ”၊ တရုတ်-မြန်မာ‌စီးပွားရေးစင်္ကြံနှင့် တရုတ်-မြန်မာ အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ်ကို နှစ်နိုင်ငံအတူတည်ဆောက်ရာတွင် ဝန်ဆောင်မှုနှင့် ပေါင်းစည်းပါဝင်ရန် ဖြစ်သည်။ ကုန်သွယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသစ်များကို အတူရှာဖွေခြင်း၊ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှုရလဒ်သစ်ကို အတူတကွမျှဝေခြင်းဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ”ပေါက်ဖော်”ချစ်ကြည်ရေး ခိုင်မာအောင် ကုန်သွယ်‌ရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရပါသည်။

ယခုအကြိမ်နယ်စပ်ကုန်စည်ပြပွဲတွင် ပါဝင်ရန် တရုတ်နိုင်ငံမှ အဖွဲ့ဝင် ၁၅၆ ဦး ပါဝင်သော ကုန်သွယ်စီးပွားကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ ၎င်းတို့တွင် ယူနန်၊ ဆန်တုန်း၊ စီချွမ်၊ ချုံချင့်၊ ကွမ်ရှီး၊ ကျန်းဆူး၊ ကွမ်တုန်း၊ ဟဲနန်နှင့် အခြားပြည်နယ်များ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် မြို့ကြီး) တို့မှ လုပ်ငန်းပေါင်း ၈၂ ခုကို တစ်စုတစ်စည်းတည်း ပါဝင်ပြသခဲ့ကြသည်။ အစားအသောက်၊ နေ့စဉ်သုံးပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ နေရောင်ခြည်စွမ်းအင်ထွက်ကုန်၊ လျှပ်စစ်ကား၊ စက်ယန္တရားနှင့် လျှပ်စစ်ဓာတ်အားစက်ကိရိယာ၊ မော်တော်ကားအပိုပစ္စည်း၊ မော်တော်ဆိုင်ကယ်နှင့် အပိုပစ္စည်းစသောထွက်ကုန်အမျိုးပေါင်း ၅၀၀ ကျော် ပြပွဲတွင် ပါဝင်ပြသခဲ့ကြသည်။ ပြပွဲတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်နှင့် တိုင်းအသီးသီးမှ လုပ်ငန်းရှင်များအား တက်ကြွစွာ ပါဝင်ဖွဲ့စည်းခဲ့ကြသလို တရုတ်နိုင်ငံမှ ထောက်ပံ့ထားသည့် တရုတ်လုပ်ငန်းရှင်များနှင့် ပြည်ပမှ တရုတ်နွယ်ဖွားစီးပွားရေးလုပ်ငန်းရှင်များကလည်း ပြပွဲတွင် ပါဝင်ရန် တက်ကြွစွာ နာမည်စာရင်း တင်သွင်ခဲ့ကြသည်။

၄ ရက်ကြာ ကျင်းပသောယင်းပြပွဲတွင် လက်တွေ့အရောင်းအဝယ် ယွမ် ၅ သန်းအထိ ရှိခဲ့ပြီး ဝယ်ယူအားပေးသူ စုစုပေါင်း ၁၀၀၀၀ ကျော် ရှိခဲ့ကြောင်း သိရှိရပါသည်။ သွင်းကုန်ထုတ်ကုန် ကုန်သွယ်မှု၊ လယ်ယာထွက်ကုန်နှင့် ၎င်းနှင့် ဆက်စပ်သောထုတ်ကုန်ပစ္စည်း ဝယ်ယူရောင်းချခြင်း၊ စက်မှုနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး စသောကဏ္ဍများ ပါဝင်သည့် စုစုပေါင်း တန်ဖိုးအားဖြင့် ယွမ်သန်း ၈၀၀ ကျော် ရှိ စီမံကိန်း ၁၀ ခုကို တရုတ်နှင့် မြန်မာ စီးပွားရေးလုပ်ငန်း ၁၉ ခုက သဘောတူညီချက်များ အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် နှစ်ဘက်ကြား ကုန်သွယ်ရေးဖလှယ်မှု အရှိန်အဟုန် အားကောင်းလာစေခဲ့သည်။

ထိုပြပွဲကို သုံးကြိမ်တိုင် ကျင်းပခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲသည် တရုတ်-မြန်မာ ချစ်ကြည်ရေးဖလှယ်မှုနှင့် ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေးအတွက် ထင်ရှားသောအမှတ်အသားတစ်ခု ဖြစ်လာခဲ့သည်။ ပြပွဲဖြင့် စီးပွားရေးအခွင့်အလမ်း ပွင့်လန်းစေသလို ပြပွဲဖြင့် ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ခဲ့သည်။ ပိုးမိုများပြားသော တရုတ်၊ မြန်မာလုပ်ငန်းရှင်များနှင့် ကုန်သည်များသည် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲဟူသော ပလပ်ဖောင်း၊ ပေါင်းကူးတံတား၏ဆောင်ကြဉ်းမှုဖြင့် တရုတ်-မြန်မာအိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ်လုပ်ငန်းစဉ်တွင် “နိုင်ငံတကာမိတ်ဖက်များ” ဖြစ်လာခဲ့သည်။