လန်ချန်း-မဲခေါင်နိုင်ငံများမှ မီးရထားလုပ်ငန်းဆိုင်ရာအရာရှိများ ကူမင်းမြို့ တွင် သင်တန်းတက်နေ

lmcchina.org, June 30, 2023
Size:

ယခုတလော ထိုင်း၊ လာအို၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား စသော နိုင်ငံ ၆ နိုင်ငံမှ မီးရထားလုပ်ငန်းဆိုင်ရာအရာရှိ အယောက် ၂၀ သည် ကူမင်းမြို့ မီးရထားဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းတွင် သင်တန်းတက်လျက်ရှိသည်။

ယူနန်ပြည်နယ် သိပ္ပံနည်းပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော “ဉာဏ်ပညာစုစည်းရာယူနန်” ဟူသော ပညာသင်စမံကိန်း ဖြစ်သော လန်ချန်း-မဲခေါင်နိုင်ငံများမှ မီးရထားလုပ်ငန်းဆိုင်ရာ အရာရှိများသင်တန်းသည် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ၎င်းသင်တန်းသည် ရက် ၂၀ ကြာ၍ ဟောပြောပွဲ၊ ဆွေးနွေးဖလှယ်ပွဲ၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ကွင်းဆင်းလေ့လာခြင်းတို့ဖြင့် အထက်ပါ ၆ နိုင်ငံမှ အရာရှိ အယောက် ၂၀ အတွက် တရုတ်မီးရထားလုပ်ငန်း၏ အတွေ့အကြုံများနှင့် လုပ်ငန်းပုံစံများကို ပြပေးခြင်းအားဖြင့် မီးရထားလမ်းပို့ဆောင်ရေးကို အခြေခံသော အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရာတွင်  တရုတ်နိုင်ငံ၏လုပ်ငန်းပုံစံကို လူသိများလာစေရန်နှင့် တရုတ်နိုင်ငံ၏မီးရထားလုပ်ငန်း ပြည်ပသို့ ရောက်ရှိနိုင်ရန် တွန်းအားပေးလျက်ရှိသည်။

ယင်းသည် ယူနန်ပြည်နယ်၏  “ဉာဏ်ပညာစုစည်းရာယူနန်” စီမံကိန်း၏ အရေးကြီးသော အစိတ်အပိုင်းလည်း ဖြစ်သည်။ ယင်းစီမံကိန်း၏ ရည်ရွယ်ချက်သည် အရှေ့တောင်အာရှနိုင်ငံများမှ သိပ္ပံပညာရှိလူငယ်များ ယူနန်သို့ လာ၍ သုတေသနလုပ်ခြင်း၊ နည်းပညာနှင့် လုပ်ငန်းအသစ်ဖန်တီးခြင်း၊ သိပ္ပံနည်းပညာနယ်ပယ်တွင် အရှေ့တောင်အာရှနိုင်ငံများနှင့် ပိုမိုများပြားစွာ လုပ်ဆောင်နိုင်ခြင်း၊ အရှေ့တောင်အာရှနိုင်ငံများအတွက် သိပ္ပံနည်းပညာရှိလူငယ်များ၊ အသစ်ဖန်တီးနိုင်စွမ်းရှိလူငယ်များအား မွေးထုတ်ပေးခြင်း၊ ပြည်သူချင်းနားလည်မှု တိုးမြှင့်ခြင်း၊ သိပ္ပံနည်းပညာအသစ် ဖန်တီးနိုင်စွမ်း မြှင့်တင်စေပြီး အတူတကွ တိုးတက်နိုင်ခြင်းလုပ်ငန်းများကို တွန်းအားပေးရန် ဖြစ်သည်။