ကမ္ဘာကြီးသည် တရုတ်နိုင်ငံကို လိုလားသည်ဟု ဒါဗို့စ် ဖိုရမ် တက်ရောက်သော အရာရှိများ ဆို

CRI, June 29, 2023
Size:

၂၀၂၃ ခုနှစ် နွေရာသီ ဒါဗို့စ် ဖိုရမ်ကို တရုတ်နိုင်ငံမှာ ကျင်းပနေပြီး ဗီယက်နမ်၊ ဘာဘေဒိုး၊ မွန်ဂိုးလီးယားနှင့် နယူးဇီလန် စသည့်နိုင်ငံများမှ ဝန်ကြီးချုပ်များ၊ ဇင်ဘာဘွေ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီး၊ ဖီလစ်ပိုင် ပတ်ဝန်းကျင်နှင့် သဘာဝ အရင်းအမြစ် ဝန်ကြီး အပါအဝင် နိုင်ငံများစွာမှ အဆင့်မြင့် အရာရှိများ တက်ရောက် ကြပါသည်။

ဗီယက်နမ် ဝန်ကြီးချုပ် Pham Minh Chinh က ဗီယက်နမ်သည် တရုတ်နိုင်ငံနှင့် စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ လူမှု ယဉ်ကျေးမှု စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ် တည်ထောင်သူနှင့် အမှုဆောင် ဥက္ကဋ္ဌ Klaus Schwab က မိမိသည် တရုတ်ပြည် စီးပွားရေးအပေါ် အကောင်းမြင်ကြောင်း၊ လွန်ခဲ့သည့် အနှစ် ၃၀ အတွင်း တရုတ်ပြည် စီးပွားရေးသည် ဆက်တိုက် အောင်မြင်စွာ တိုးတက်လာခဲ့ပြီး ယခု အချိန်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်ရေးဆိုင်ရာ အရေးကြီး တွန်းအား တစ်ရပ် ဖြစ်မြဲ ဖြစ်နေသေးကြောင်း ပြောကြားခဲ့ပါသည်။

နယူးဇီလန် ဝန်ကြီးချုပ် Chris Hipkins က ဘေကျင်းသို့ ရောက်သည့်အခါ သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်ပြည်သည် မိမိတို့၏ ကြီးမားသော ပို့ကုန်ဈေးကွက် ဖြစ်ကြောင်း၊ မိမိတို့သည် မိမိတို့၏ လုပ်ငန်းကုမ္ပဏီများကို တရုတ်ပြည်မှာ ကူးသန်းရောင်းဝယ်မှုများကို ဆက်လက် ပြုလုပ် စေချင်သလို ပိုမို များပြားသော တရုတ်ခရီးသွားများ နယူးဇီလန်သို့ လာရောက် လည်ပတ်စေလိုပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။