ခေတ်သစ် ခရီးစဉ်သစ်တွင် ပါတီက ပေးအပ်သော တာဝန်ဝတ္တရားများကို ထိရောက်စွာ ထမ်းဆောင်ပြီး တရုတ်အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှုတွင် လူငယ်များ ရဲရဲဝံ့ဝံ့ တာဝန် ထမ်းဆောင်ခြင်းကို တွန်းအားပေးရမည်ဟု ရှီကျင့်ဖိန် ဆို

Yunnan Gateway, June 28, 2023
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းက ဘေကျင်း ကျုံးနန်ဟိုင်မှာ ကွန်မြူနစ်လူငယ်အဖွဲ့ ဗဟိုကော်မတီမှ ခေါင်းဆောင်သစ်များနှင့် တွေ့ဆုံဆွေးနွေးပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် လုပ်ငန်းများသည် လူငယ်များ အပေါ် မျှော်လင့်ချက် ထားနေပါကြောင်း၊ ကွန်မြူနစ်လူငယ်အဖွဲ့ ဗဟိုကော်မတီ အနေနှင့် ခေတ်သစ် ခရီးစဉ်သစ်တွင် တရုတ်ကွန်မြူနစ်ပါတီက ပေးအပ်သော တာဝန်ဝတ္တရားများကို ထိရောက်စွာ ထမ်းဆောင်ရန်၊ အစဉ်အလာကောင်းများကို ဆက်ခံပြီး ထွန်းလင်း လာအောင် ဆောင်ရွက်ရန်၊ ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ် တီထွင်ရေးကို စွဲကိုင်ရန်၊ အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် မွန်မြတ်သော အမျိုးသား ရှင်သန်ရေးကို တွန်းအားပေးရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။