၁၄ ကြိမ်မြောက် နွေရာသီ Davos ဖိုရမ်ကို စတင်ကျင်းပ

Yunnan Gateway, June 27, 2023
Size:

၁၄ ကြိမ်မြောက် နွေရာသီ Davos ဖိုရမ်ကို ယခုလ ၂၇ ရက်နေ့ မှ ၂၉ ရက်နေ့အထိ ထျန်ကျင်းမြို့ ၌ ကျင်းပမည်ဖြစ်သည်။ လေးနှစ်အကြာတွင် ဤဖိုရမ်ကို တရုတ်နိုင်ငံတွင် အော့ဖ်လိုင်းကျင်းပသည့် ပထမဆုံး အကြိမ်ဖြစ်သည်။ ယခုနှစ် နွေရာသီ Davos ဖိုရမ်၏ ဆောင်ပုဒ်မှာ "လုပ်ငန်းရှင်များစိတ်ဓာတ်-ကမ္ဘာ့စီးပွားရေးကို တွန်းအားပေး" ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ သုတေသနလောကနှင့် လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ဂလိုဘယ် ဦးဆောင်သူများနှင့် ဆန်းသစ်တီထွင်သူများ စုစုပေါင်း ၁၅၀၀ ကျော်တို့သည် ဖိုရမ်သို့ တက်ရောက်မည်ဖြစ်သည်။