တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းသော ပထမအသုတ် မုန်တိုင်းဒဏ်သင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်

lmcchina.org, June 26, 2023
Size:

 

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းသော ပထမအသုတ် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ဇွန်လ ၁၂ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အပါအဝင် ဒေသများကို ပြင်းထန်စွာ ထိခိုက်ခဲ့သဖြင့် တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ၏လိုအပ်ချက်များအရ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရပါသည်။ ယခုအကြိမ်တွင် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်သည့်ထောက်ပံ့ရေးပစ္စည်းများတွင် ခြင်ထောင် အလုံးရေ ၁၀၀၀၀ နှင့် စောင် အထည်ရေ ၁၀၀၀၀ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံမှ နောက်ဆက်တွဲ ကူညီထောက်ပံ့မည့်ပစ္စည်းများတွင် ရေသန့်စင်ဆေးပြား၊ စားသောက်ကုန်၊ အလွယ်တကူ သယ်ယူနိုင်သော မီးစက်၊ ရေစုပ်စက်စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။ မကြာမီကာလအတွင်း ရေကြောင်းမှတစ်ဆင့် ပို့ဆောင်ပေးမည် ဖြစ်သည်။ ထို့ပြင် ပုဂံဒေသရှိ သဘာဝဘေးဒဏ်ခံရသောစေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံရာတွင် အသုံးပြုရန်အတွက် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ယွမ်ငွေ ၁ သန်းကိုလည်း လှူဒါန်းထားကြောင်း သိရပါသည်။