“တရုတ်စာပေ ပေါင်းကူးတံတား” တရုတ်စာစွမ်းရည်ပြပြိုင်ပွဲ (ရန်ကုန်) အောင်မြင်စွာ ကျင်းပပြီးစီး

, June 25, 2023
Size:

တတိယအကြိမ်မြောက် ကမ္ဘာ့ မူလတန်းကျောင်းသား၊ ကျောင်းသူများ “တရုတ်စာပေ ပေါင်းကူးတံတား” တရုတ်စာစွမ်းရည်ပြ ပြိုင်ပွဲ(Chinese Bridge-Chinese Show) (ရန်ကုန်) နောက်ဆုံးအဆင့် ပြိုင်ပွဲ ကို “ပျော်ရွှင်စဖွယ် တရုတ်စာပေ”ဟူသော ခေါင်းစဉ်ဖြင့် ဇွန် ၁၈ ရက်က ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပခဲ့သည်။အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်စာပေသင်ယူလာမှုများ ကောင်းမွန်လာစေရန်၊ တရုတ်-မြန်မာ ချစ်ကြည်ရေး သံတမန်လေးများကို ပိုမို ပျိုးထောင်ပေးရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)