တရုတ်-တောင်အာရှ အနုပညာပြပွဲကို ကူမင်းမြို့တွင် ကျင်းပ

Yunnan Gateway, June 21, 2023
Size:

ဇွန်လ ၂၁ ရက်နေ့သည် ၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ နီးကပ်လာချိန် ဇွန်လ ၁၉ ရက်နေ့၌ တရုတ်-တောင်အာရှ အနုပညာပြပွဲကို ကူမင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါအနုပညာပြပွဲ၌ တရုတ်-အိန္ဒိယနှစ်နိုင်ငံ၏ သီချင်း၊ အက၊ ယောဂနှင့် ဂီတတူရိယာ စသည့် ဖျော်ဖြေမှုများ ပါဝင်ပါသည်။

"၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ယောဂနေ့နှင့် တရုတ် (ကူမင်း) တောင်အာရှ ယဉ်ကျေးမှုအနုပညာ အထိမ်းအမှတ် ရက်သတ္တပတ်၊ တရုတ်-အိန္ဒိယ လူမှုယဉ်ကျေးမှု ဖလှယ်ရေးဖိုရမ်၏ စီးရီးလှုပ်ရှားမှုများ"ကို ဇွန်လ ၂၀ ရက်နေ့တွင် ကူမင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်-တောင်အာရှအနုပညာပြပွဲသည် တရုတ်(ကူမင်း) တောင်အာရှ ယဉ်ကျေးမှုအနုပညာ အထိမ်းအမှတ် ရက်သတ္တပတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း Yunnan gateway မှ သတင်း ရရှိပါသည်။ (ဆောင်းပါးအရင်းအမြစ် - Yunnan gateway ။ ဘာသာပြန် - Yunnan gateway)