ဇွန်လ ၂၉ ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် တရုတ်နိုင်ငံ မန်စီမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ နိုင်ငံတကာပျံသန်းမှု စတင်မည်

Yunnan Gateway, June 21, 2023
Size:

ဇွန်လ ၂၉ ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် တရုတ်နိုင်ငံ မန်စီမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့ (မန္တလေးတွင် ရပ်နားမည်)သို့ နိုင်ငံတကာပျံသန်းမှု စတင်မည်ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines) မှ တရုတ်စျေးကွက် တာဝန်ရှိသူတစ်ဦးက ယခုရက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

တရုတ်နိုင်ငံ မန်စီမြို့မှ မြန်မာနိုင်ငံ မန္တလေးမြို့သို့ လေယာဥ်လက်မှတ်ခမှာ ၁၅၈၈ ယွမ်ခန့်၊ တရုတ်နိုင်ငံ မန်စီမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လေယာဥ်လက်မှတ်ခ ၁၂၈၈ ယွမ်ခန့်ဖြင့် အသီးသီး ရောင်းချမည်ဖြစ်ကြောင်း၊ ပထမအကြိမ်ဆုံး ပြေးဆွဲမည့် လေကြောင်းလိုင်း(၃)ခုအတွက် လေယာဥ်လက်မှတ်တစ်စောင်ဝယ်လျှင် တစ်စောင်ကို အခမဲ့လက်ဆောင် ပေးမည်ဖြစ်ကြောင်း၊ အခြားသော ပြေးဆွဲမည့် လေကြောင်းလိုင်းအတွက် လေယာဥ်လက်မှတ်များကို ကြိုတင်မှာယူလျှင် မတူညီသော လျှော့စျေးများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူထံမှ သိရပါသည်။

တယ်ဟုန်ပြည်နယ်ခွဲ မန်စီအပြည်ပြည်ဆိုင်ရာလေဆိပ်၏ နိုင်ငံတကာလေကြောင်းခရီးစဉ် ပျံသန်းရန် ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံက အတည်ပြုခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် မန်စီမှ မန္တလေးနှင့် ရန်ကုန်သို့ နိုင်ငံတကာလေကြောင်းလိုင်းနှစ်ခုကို ဆက်တိုက်ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် တရုတ်နိုင်ငံ မန်စီမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ နိုင်ငံတကာပျံသန်းမှု စတင်ပြီးနောက် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် တယ်ဟုန် လေကြောင်းလိုင်း ဈေးကွက်သို့ အောင်မြင်စွာ အခြေစိုက်သော ပထမဆုံးနိုင်ငံခြားလေကြောင်းကုမ္ပဏီ ဖြစ်လာပါသည်။ ပျံသန်းမှုစတင်ပြီးနောက်တွင် တယ်ဟုန်ပြည်နယ်ခွဲ၏ နိုင်ငံတကာ လေကြောင်းလိုင်းနှစ်ခုကို ပြန်လည်စတင်မည်ဖြစ်ပြီး မန်စီမှ မန္တလေးသို့ နေ့စဉ် ပျံသန်းနိုင်ရန် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် - မန်စီလေဆိပ်၊ https://www.flymna.com။ ဘာသာပြန် - Yunnan gateway)