ရှီကျင့်ဖိန်သည် "မဟာတံတိုင်းမြောက်ဘက်နယ်ကပုလဲ" ဖြစ်သော Wuliangsuhaiကန်သို့ လေ့လာ

CRI, June 16, 2023
Size:

ဇွန်လ၅ရက်နေ့ညနေပိုင်းတွင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည်အတွင်းမွန်ဂိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရှိWuliangsuhaiကန်သို့သွားရောက်လေ့လာကြည့်ရှုခဲ့ပြီးယင်းဒေသ၏တောတောင်ရေမြေ၊ရေကန်၊မြက်ခြင်းနှင့်သဲကန္တာရများကိုတစ်ပြေးညီထိန်းသိမ်းကာကွယ်ရေး၊စနစ်တကျစီမံပြုပြင်ရေးနှင့်ဂေဟစနစ်ပတ်ဝန်းကျင်ပြန်လည်ကောင်းမွန်စေရေးမြှင့်တင်ခြင်းစသည့်အကြောင်းများကိုလေ့လာခဲ့ပါသည်။

Wuliangsuhaiကန်သည်မြစ်ဝါမြစ်ရေထိန်းညှိမှု၊ရေသန့်စင်မှု၊ရေခဲမှုနှင့်ရေလွှမ်းမိုးမှုကာကွယ်ရေးတွင်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပါသည်။ယင်းရေကန်၏ဧရိယာမှာ၂၉၃စတုရန်းကီလိုမီတာရှိပြီး "မဟာတံတိုင်းမြောက်ဘက်နယ်ကပုလဲ" ဟုခေါ်ဝေါ်ကြပါသည်။