ရှီကျင့်ဖိန်သည်ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးစီမံခန့်ခွဲရေးအဆင့်မြင့်ဖိုရမ်သို့ဂုဏ်ပြုသဝဏ်လွှာပေးပို့

Yunnan Gateway, June 14, 2023
Size:

ဇွန်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစီမံခန့်ခွဲရေးအဆင့်မြင့်ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က လက်ရှိတွင် လူသားများသည် သမိုင်း၏ လမ်းဆုံလမ်းခွတွင် တစ်ဖန်ရပ်တည်နေပြီး ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေး စီမံခန့်ခွဲရေးသည် ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ မိမိတို့အနေနှင့် လုံခြုံရေးဖြင့် လူ့အခွင့်အရေးကို အကာအကွယ်ပေးရေး၊ဖွံ့ဖြိုးတိုးတက်မှုဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူ့အခွင့်အရေးကို တွန်းအားပေးရေးတို့ကို တိုက်တွန်းပြီး ဆွေးနွေးမှုများမှတစ်ဆင့် သဘောတူညီမှုကို စုစည်းကာ လူ့အခွင့်အရေးယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲမြှင့်တင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။