မြန်မာနိုင်ငံ မြစ်ကြီးနားမြို့တွင် ဂျပန်ခုခံရေး တရုတ် အဝေးရောက်တပ်မတော်မှ ကွယ်လွန်သူစစ်မှုထမ်းများအား အောက်မေ့ဖွယ် အထိမ်းအမှတ် အဆောက်အအုံ ဆောက်လုပ်ပြီးစီး

CRI, June 12, 2023
Size:

ဆံရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန စသည့် ဌာနများဖြင့် ဖွဲ့စည်းထားသော တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့ဂျပန်ခုခံရေး တရုတ် အဝေးရောက်တပ်မတော်မှ ကွယ်လွန်သူစစ်မှုထမ်းများအား အောက်မေ့ဖွယ် အထိမ်းအမှတ် အဆောက်အအုံ ဆောက်လုပ်ပြီးစီးဖွင့်လှစ်ခြင်း အခမ်းအနားကို ယခုလ ၁၀ ရက်နေ့တွင်  မြန်မာနိုင်ငံ မြစ်ကြီးနားမြို့၌  ပြုလုပ်ခဲ့ပါသည်။

တရုတ်နိုင်ငံ ပင်စင် စစ်မှုထမ်းများရေးရာ ဝန်ကြီးဌာန၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားဆက်် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး၊ မြစ်ကြီးနား ယူနန်နယ်သားများအသင်း၊ ဂျပန်ခုခံရေး တရုတ် အဝေးရောက်တပ်မတော်မှ စစ်မှုထမ်းများ၏ မိသားစုဝင်များ  အပါအဝင် အလွှာပေါင်းစုံမှ ကိုယ်စားလှယ် ၂၀၀ ခန့်တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အထိမ်းအမှတ် အဆောက်အအုံသည် မြစ်ကြီးနားမြို့ ဆင်ခြေဖုံးတွင် တည်ရှိပြီး အထိမ်းအမှတ် ကျောက်တိုင်နှင့် မြေအောက်ခန်းများ ပါဝင်ကာ မြေအောက် အခန်း၏ ဧရိယာအကျယ်အဝန်းမှာ ၂၇၇ စတုရန်းမီတာ ဖြစ်ကာ ဂျပန်ခုခံရေး တရုတ် အဝေး ရောက်တပ်မတော်မှ ကွယ်လွန်သူစစ်မှုထမ်း ၃၄၇ ဦး၏ ရုပ်အလောင်းများကို မြှုပ်နှံ သင်္ဂြိုဟ် ထားကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။