ရှီကျင့်ဖိန်သည် သဲကန္တာရဖြစ်ထွန်းမှုဘက်စုံပြုပြင်ကာကွယ်ခြင်းတိုးမြှင့်ရေးနှင့် အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း ဂေဟစနစ် စီမံကိန်းများ တည်ဆောက်မှု တွန်းအား ပေးရေး ဆွေးနွေးပွဲကို ကြီးမှူး ကျင်းပ

CRI, June 12, 2023
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပါယန်ကျိုရ်မြို့၌ လေ့လာကြည့်ရှုခဲ့ပြီး သဲကန္တာရဖြစ်ထွန်းမှုဘက်စုံပြုပြင်ကာကွယ်ခြင်းတိုးမြှင့်ရေးနှင့် အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း ဂေဟစနစ် စီမံကိန်းများ တည်ဆောက်မှု တွန်းအား ပေးရေး ဆွေးနွေးပွဲကို ကြီးမှူး ကျင်းပခဲ့၍ အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က သဲကန္တာရဖြစ်ထွန်းမှုဘက်စုံပြုပြင်ကာကွယ်ခြင်းတိုးမြှင့်ရေးနှင့် အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း ဂေဟစနစ် စီမံကိန်းများ တည်ဆောက်မှုကို နက်ရှိုင်းစွာ တွန်းအား ပေးရေးတို့သည် တရုတ်နိုင်ငံ၏ ဂေဟစနစ် လုံခြုံရေး၊ အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် တရုတ် အမျိုးသား ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်သဖြင့် ယနေ့ခေတ်နှင့် အနာဂတ်ရေး အတွက် အကျိုးပြုနိုင်သော မွန်မြတ်သော လုပ်ငန်း တစ်ရပ် ဖြစ်ကြောင်း၊ တာဝန်ဝတ္တရားများကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်ပြီး ရေရှည် အကျိုးပြု စွမ်းဆောင်ရမည် ဖြစ်ကြောင်း၊ ခေတ်သစ်တွင် သဲကန္တာရ ပြုပြင်ကာကွယ်ရေး အံ့ဘွယ်ရာများကို ဖန်တီးပြီး သာယာသော တရုတ်နိုင်ငံ တည်ဆောက်ရေးတွင် ပိုမို ကြီးမားသော အောင်မြင်မှုများကို ရရှိရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။