မြန်မာကျပ်ငွေ သိန်းလေးရာကျော်တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းက မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လှူဒါန်း

CRI, June 9, 2023
Size:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းက မြန်မာနိုင်ငံရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ကုန်များကို  မေ ၁၂ ရက်တွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ လာရောက်လှူဒါန်းခဲ့ပါသည်။

မေ ၁၈ ရက် မနက်ပိုင်းတွင် အဆိုပါပစ္စည်းများကို ရွှေလီမြို့မှတစ်ဆင့် မူဆယ်မြို့ မန်းဝန်ဂိတ်မှ လက်ခံရယူခဲ့သည်။ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ကုန်များမှာ ယားနာပျောက်ဆေးဘူး ၄၀၀၊ တရုတ်အားဆေးဘူး ၄၀၀၊ လိမ်းဆေးဘူး ၂၅၀၊ အကိုက်အခဲပျောက်ဆေးဘူး ၂၅၀၊ အဖျားပျောက်ဆေးဘူး ၂၄၀၊ ကယ်ဆယ်ရေး အရေးပေါ်အိတ် ၅၀၊ ကြက်မှိုခေါက်ဆွဲ အထုပ် ၄၀၀ နှင့် အရေးပေါ် ကယ်ဆယ်ရေး ရွက်ဖျင်တဲ ၂၀ ပါဝင်ပြီး စုစုပေါင်းတန်ဖိုး တရုတ်ယွမ်ငွေ တစ်သိန်းခန့်ရှိကြောင်း သိရှိရသည်။ 

ထို့ပြင် တရုတ်နိုင်ငံကလှူဒါန်းမှုအဖြစ် ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကလည်း POWERCHINA RESOURCES LIMITED သည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှတစ်ဆင့် မြန်မာနိုင်ငံသို့ အလှူငွေ ကျပ် သိန်း ၅၀၀ နှင့် ဆန်၊ စားသုံးဆီ စသည့်ပစ္စည်းများ လှူဒါန်းခဲ့သည်။