ရှီကျင့်ဖိန်သည်ဟိုထောက်ဆည်မြောင်းဇုန်သို့လေ့လာကြည့်ရှု

CRI, June 9, 2023
Size:

ဇွန်လ၆ရက်နေ့တွင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည်ဟိုထောက်ဆည်မြောင်းဇုန်၏ရေပမာဏသတင်းအချက်အလက်စောင့်ကြည့်ရေးစင်တာသို့သွားရောက်ခဲ့ပါသည်။

ဒေသခံအစိုးရသည်ဆည်မြောင်းဇုန်ခေတ်မီအောင်အရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီးဟိုထောက်ဆည်မြောင်းဇုန်အတွက်ရေပမာဏသတင်းအချက်အလက်စောင့်ကြည့်ရေးစင်တာကိုထူထောင်ခဲ့သည်။စင်တာတွင်ဒစ်ဂျစ်တယ်နံရံ၊Big dataစင်တာ၊ ဒစ်ဂျစ်တယ်သဲစားပွဲနှင့်အခြားသောအထောက်အကူပြုပစ္စည်းများနှင့်စက်ကိရိယာများတပ်ဆင်ထားပြီးဆည်မြောင်းဇုန်၏စီမံခန့်ခွဲမှုစွမ်းရည်နှင့်ရေအရင်းအမြစ်အသုံးချမှု၏ထိရောက်မှုကိုတိုးတက်စေသည်။