လန်းချန်-မဲခေါင် လေကြောင်းလိုင်းက ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု

lmcchina.org, June 9, 2023
Size:

လန်ချန်း-မဲခေါင် လေကြောင်းလိုင်း (ကမ္ဘောဒီးယား)ကုမ္ပဏီလီမီတက်နှင့် ကမ္ဘောဒီးယား ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့က Lantong Cloud ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဖနွမ်းပင်မြို့တွင် ဇွန်လ ၂ ရက်က လက်မှတ်ရေးထိုးခဲ့သည်။ ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း တည်ငြိမ်စွာ ပြန်လည်ရှင်သန်ရေးတွင် အထောက်အကူဖြစ်စေရန်အတွက်  ကမ္ဘောဒီးယား ဒေသခံရေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ဟိုတယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။

လန်းချန်-မဲခေါင် လေကြောင်းလိုင်းသည် ကမ္ဘောဒီးယား-တရုတ် ဖက်စပ်လေကြောင်းလိုင်းကုမ္ပဏီ ဖြစ်သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်က စတင်ပျံသန်းသည့်အချိန်မှစ၍ ၎င်း၏ ခရီးသည်သယ်ယူပို့ဆောင်မှုပမာဏ၊ ကုန်စည်နှင့် စာပို့လုပ်ငန်းပမာဏ၊ စုစုပေါင်းလည်ပတ်မှုနှင့် လေယာဉ်အသုံးပြုမှု စသည်တို့သည် ကမ္ဘောဒီးယားရှိ ပြည်တွင်းလေကြောင်းလိုင်းကုမ္ပဏီများထဲတွင် နှစ်ပေါင်းများစွာ ပထမနေရာ၌ ရပ်တည်ခဲ့သည်။

ယခုအကြိမ် Lantong Cloud နှင့် ကမ္ဘောဒီးယား ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးနောက်   အသုံးပြုသူအားလုံးအတွက် ဟိုတယ်ကြိုတင်မှာယူခြင်းဝန်ဆောင်မှုများပေးရန် အွန်းလိုင်းဟိုတယ်အပိုင်းကို ဇွန် ၂၉ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။ ထို့ပြင် ၎င်းသည် ဟိုတယ်ကြီးများအတွက် အရည်အသွေးမြင့် ဟိုတယ်အသုံးအဆောင်များ ပံ့ပိုးပေးရန်အတွက် Lantong Cloud ထောက်ပံ့ရေးကွင်းဆက်မှတစ်ဆင့် မူရင်းစက်ရုံနှင့် တိုက်ရိုက်ချိတ်ဆက်မည် ဖြစ်သည်။

သဘောတူညီချက်အရ ပူးပေါင်းဆောင်ရွက်မှုနှစ်ဦးနှစ်ဖက်သည် ကမ္ဘောဒီးယား၏ ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်နယ်ပယ်များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် "Lantong Cloud" e-commerce ပလပ်ဖောင်းကို အားထားဆောင်ရွက်ကြမည် ဖြစ်သည်။ ထိုအချိန်တွင် ကမ္ဘောဒီးယားဟိုတယ်များအသင်းသည် အသုံးပြုသူနေထိုင်မှုနှုန်းကို တိုးမြှင့်ရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသောဟိုတယ်အသုံးအဆောင်များ ထောက်ပံ့ရေးကွင်းဆက်ဖန်တီးမှုအား ပံ့ပိုးရန်အတွက် Lantong Cloud မိတ်ဆက်ပွဲကို တာဝန်ယူကျင်းပမည် ဖြစ်သည်။ အရင်းအမြစ်မျှဝေမှု အကောင်အထည်ဖော်ဆောင်ရန် ပူးပေါင်းဆောင်ရွက်သူနှစ်ဦးနှစ်ဖက်အနေဖြင့် e-commerce၊ အီလက်ထရွန်းနစ်ငွေပေးချေမှု၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် ဟိုတယ်အသုံးအဆောင်များ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်ဝန်ဆောင်မှုများ၏ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။