တရုတ်နိုင်ငံထုတ်ပထမဆုံး အကြီးစားအပျော်စီးသင်္ဘော “Adora Magic City”သည် သင်္ဘောတည်ဆောက်ရေးဆိပ်ကမ်းမှ ထွက်ခွာ

CRI, June 7, 2023
Size:

ဇွန်လ ၆ရက်နေ့က Shanghai Waigaoqiao Shipbuilding Co., Ltd.မှ တည်ဆောက်သော တရုတ်နိုင်ငံထုတ် ပထမဆုံး အကြီးစားအပျော်စီးသင်္ဘော “Adora Magic City”သည် သင်္ဘောတည်ဆောက်ရေးဆိပ်ကမ်းမှ ထွက်ခွာပြီး တရုတ်နိုင်ငံထုတ် အကြီးစား အပျော်စီးသင်္ဘောလုပ်ငန်းက ဆိပ်ကမ်းတွင် သင်္ဘောကြိုးချည်ရပ်နားနိုင်စွမ်းကို ထိန်းညှိစမ်းသပ်ရေးအဆင့်သို့ ဘက်စုံဝင်ရောက်ခဲ့သည်ကို ပြဆိုနေပါသည်။ ယင်းလုပ်ငန်းကို ယခုနှစ်နှစ်ကုန်ပိုင်းတွင် ပြီးစီးကာ သင်္ဘောကို လွှဲပြောင်းပေးအပ်မည်ဟု ခန့်မှန်းရပါသည်။