လန်ချန်း-မဲခေါင် ရေသယံဇာတ ပူးပေါင်းဆောင်ရွက်ရေးကို တိုးချဲ့လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ ဆည်မြောင်းဝန်ကြီးဌာန ပြောကြား

lmcchina.org, June 2, 2023
Size:

တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်ဒေသမှ နိုင်ငံများနှင့်အတူ လန်ချန်း-မဲခေါင် ရေသယံဇာတ ပူးပေါင်းဆောင်ရွက်ရေးကို တိုးချဲ့လုပ်ဆောင်ပြီး ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန် ရေသယံဇာတ အာမခံပေးရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ ဆည်မြောင်းဝန်ကြီးဌာနမှ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် သိပ္ပံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Jin Hai သည် မေလ ၂၆ ရက်နေ့တွင် ပြောကြားသည်။

လန်ချန်း-မဲခေါင်ဒေသသည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုအလားအလာ အကောင်းဆုံးဒေသတစ်ခု ဖြစ်၍ ဒေသတွင်းနိုင်ငံအသီးသီးသည် ပြည်သူများ၏နေထိုင်မှုအခြေအနေ တိုးတက်စေခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ခြင်း၊ စီးပွားရေး တိုးတက်ခြင်း စသောတာဝန်များကို ရင်ဆိုင်နေကြသဖြင့် ဒေသတွင်းနိုင်ငံအားလုံးသည် ပိုမိုများပြားသော ရေသယံဇာတကို လိုအပ်လာသည့်အပြင် ရာသီဥတု ပြောင်းလဲရေး၊ ရေဇီဝဗေဒနှင့် ရေပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးပြဿနာများကိုလည်း ရင်ဆိုင်နေရကြောင်း၊ လန်ချန်း-မဲခေါင်ဒေသ ရေသယံဇာတ ပူးပေါင်းဆောင်ရွက်ခြင်းသည် ရာသီဥတုပြောင်းလဲမှုကို ခုခံရေး၊ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ စားနပ်ရိက္ခ လုံခြုံရေး၊ စွမ်းအင်လုံခြုံရေး၊ ရေပေးမှုလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ လူမှုစီးပွား ဆက်တိုက်တိုးတက်ရေး၊ ပြည်သူများကို အကျိုးပြုရေး စသောကဏ္ဍတွင် အရေးကြီး၍ အခြေခံကျသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ဒေသတွင်း ၆ နိုင်ငံမှ ခေါင်းဆောင်များသည် လန်ချန်း-မဲခေါင် ရေသယံဇာတ ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်နိုင်ရန် များစွာမျှော်လင့်လျက်ရှိကြောင်း၊ လန်ချန်း-မဲခေါင် ရေသယံဇာတ ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ကျကျ အောင်အောင်မြင်မြင် ဆောင်ရွက်ရခြင်းဖြင့် ၎င်းဒေသက စိန်ခေါ်မှုနှင့် အန္တရာယ်များကို ရင်ဆိုင်နိုင်တဲ့စွမ်အားကို တိုးချဲ့ပြီး ဒေသတစ်ခုလုံး ဆက်တိုက်ဖွံ့ဖြိုးခြင်းနှင့် အတူတကွ သာယာဝပြောလာခြင်းအတွက် ရေသယံဇာတအာမခံကို ထောက်ခံပေးရန် မည်ကဲ့သို့ဆောင်ရွက်ခြင်းသည် ဒေသတွင်း ၆ နိုင်ငံအားလုံး ရင်ဆိုင်နေသောခေါင်းစဉ် ဖြစ်သဖြင့် ၆ နိုင်ငံအားလုံး၏ဉာဏ်စွမ်းကို စုစည်းပြီး အတူလက်တွဲ အဖြေရှာရကြောင်း Jin Hai က ပြောကြားသည်။