ပညာရေး အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် လျင်မြန်စွာ တည်ဆောက်ပြီး တရုတ်အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေးအတွက် အားကောင်းသော အထောက်အကူများ ပံ့ပိုးပေးရမည်ဟု ရှီကျင့်ဖိန် ဆို

CRI, May 30, 2023
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် မေလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ပညာရေး အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးဆိုင်ရာ ပဉ္စမ အကြိမ် လေ့လာဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယခုအကြိမ် လေ့လာဆွေးနွေးပွဲကို ဦးစီးကျင်းပခဲ့ပါသည်။

ရှီကျင့်ဖိန်က ပညာရေး အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးသည် အင်အားတောင့်တင်းသည့် ခေတ်မီ ဆိုရှယ်လစ်နိုင်ငံ ဖြစ်လာအောင် ဘက်စုံ တည်ဆောက်ရေးဆိုင်ရာ မဟာဗျူဟာမြောက် ရှေ့ဆောင် လုပ်ငန်းစဉ်၊ အရည်အချင်း မြင့်မားသော သိပ္ပံနည်းပညာ ကိုယ့်ကိုယ်ကို အားကိုးခြင်း၏ အရေးကြီး ထောက်ပံ့မှု၊ ပြည်သူတစ်ရပ်လုံး အတူ ချမ်းသာရေးကို တိုးမြှင့်ရန် ထိရောက်သော လမ်းကြောင်းနှင့် တရုတ်အသွင်ပုံစံခေတ်မီရေးဖြင့် တရုတ်အမျိုးသား မွန်မြတ်သောရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးရန် အခြေခံကျသည့် လုပ်ငန်းစဉ်တို့ ဖြစ်ကြောင်း၊ ပညာရေးလုပ်ငန်း ခေတ်မီရေးကို လျင်မြန်စွာ တွန်းအားပေးပြီး အားကောင်းသော ပညာရေးဖြင့် နိုင်ငံတော်၏ စည်ပင်သာယာချမ်းသာရေး အခြေခံ ပိုမို ခိုင်ခံ့လာအောင် ဆောင်ရွက်ကာ တရုတ်အမျိုးသား၏ မွန်မြတ်သောရှင်သန်ရေးကို ဘက်စုံ မြှင့်တင်ရေးအတွက် အားကောင်းသော အထောက်အကူများကို ပံ့ပိုးပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။