(၁၂၉)ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းတစ်လျှောက် တရုတ်-လာအို-မြန်မာ-ထိုင်း ပူးတွဲကြပ်မတ်ရေး လုပ်ငန်းများ အောင်မြင်စွာ ပြီးဆုံး

CRI, May 30, 2023
Size:

ပူးတွဲကြပ်မတ်ရေးလုပ်ငန်းတွင် ပါဝင်သောတရုတ်သင်္ဘောသည် မေလ ၂၆ ရက်နေ့  ၁၂ နာရီအချိန်က တရုတ် ကွမ်လေဆိပ်ကမ်းသို့ အောင်မြင်စွာ ဆိုက်ကပ်ခဲ့ပြီး ၁၂၉ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း ပူးတွဲကြပ်မတ်ရေးလုပ်ငန်းများ အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

အဆိုပါ လှုပ်ရှားမှုသည် ၄ ရက် ၃ ည ကြာမြင့်ပြီး စုစုပေါင်း ခရီး ကီလိုမီတာ ၅၀၀ ကျော် ရှည်လျားကာ လေးနိုင်ငံမှ တရားဥပဒေ ကျင့်သုံးရေး ဌာနများသည်  ရေယာဉ်၊ သင်္ဘော ၇ စီးနှင့်  ဝန်ထမ်း ၁၃၅ ဦးတို့ကို စေလွှတ် ခဲ့သည်။ တရုတ်ပြည်ဘက်သည် လာအိုရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး  စုံစမ်းစစ်ဆေးရေးဆောင်ရွက်ရာတွင် စုစုပေါင်းယာဉ်အစီးရေ ၅၀ ခန့်၊လူ ၈၀ ခန့်နှင့် ကုန်စည်တန်ချိန် ၂၀ ခန့်တို့ကို စစ်ဆေးခဲ့ပါသည်။