ရှင်ကျိုး-၁၆ လူပါ အာကာသယာဉ်ကိုမေလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၁ မိနစ်တွင် လွှတ်တင်မည်

CRI, May 29, 2023
Size:

မေလ ၂၉ ရက်နေ့ကကျင်းပသောရှင်ကျိုး-၁၆ လူပါ အာကာသယာဉ် လွှတ်တင်ရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် တရုတ် လူပါ အာကာသလုပ်ငန်းရုံးဒုဥက္ကဋ္ဌ၊ ပြောရေးဆိုခွင့်ရှိသူလင်ရှီချန်က ရှင်ကျိုး-၁၆ လူပါ အာကာသယာဉ်ကိုမေလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၁ မိနစ်တွင် လွှတ်တင်မည် ဖြစ်ကြောင်း၊ ယခုအကြိမ် လုပ်ငန်းတာဝန်သည် ယခုနှစ်တွင်လူပါအာကာသလုပ်ငန်း၏ ဒုတိယအကြိမ် လုပ်ငန်းတာဝန် ဖြစ်ပြီးအာကာသစခန်းအသုံးပြုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတာဝန်တွင် ပထမဦးဆုံးသောလူပါပျံသန်းရေးလုပ်ငန်းတာဝန် ဖြစ်ကြောင်း၊ ရှင်ကျိုး-၁၆အာကာသယာဉ်သည် ရှင်ကျိုး-၁၅ အာကာသယာဉ်မှ အာကာသယာဉ်မှူးများနှင့် ကမ္ဘာပတ်လမ်းကြောင်းတွင် ယာဉ်မှူးများလဲလှယ်ခြင်းကိုပြုလုပ်ပြီးငါးလကြာနေရန်၊ ကမ္ဘာပတ်လမ်းကြောင်းတွင် အာကာသဟင်းလင်းပြင် သိပ္ပံနည်းပညာနှင့် Applying Load စမ်းသပ်မှုပြုလုပ်ရန်၊ အာကာသယာဉ်မှူးများအာကာသအပြင်ထွက်ပြီးလှုပ်ရှားမှုပြုလုပ်ရန်နှင့် အာကာသယာဉ်အပြင်တွင် Load installation တပ်ဆင်မှု၊ အာကာသစခန်းထိန်းသိမ်းပြုပြင်မှုများပြုလုပ်ရန် တာဝန်များ ထမ်းဆောင်မည် ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။