၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီမာရသွန် ကျင်းပ

lmcchina.org, May 26, 2023
Size:

မေ ၂၀ ရက်နံနက်ပိုင်းက ၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီမာရသွန်-ပထမအကြိမ်မြောက် "အချစ်မေတ္တာအတွက်အပြေးပြိုင်ပွဲ" တာ့လီမာရသွန်ကို ယူနန်ပြည်နယ် တာ့လီမြို့တွင် ကျင်းပရာ ပါဝင်ယှဥ်ပြိုင်ကြသည့်လက်ရွေးစင်များသည် ချန်းစန်းတောင် တောင်ခြေရှိ အယ်ဟိုင်ရေကန်၏ ဂေဟဗေဒစင်္ကြံတစ်လျှောက် အပြေးပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင် "၅၂၀ အချစ်အတွက် အပြေးပြိုင်ပွဲ" ၏ထူးခြားချက်ကို ပေါ်လွင်အောင် မာရသွန် (၄၂.၁၉၅ ကီလိုမီတာ)၊ တစ်ဝက်မာရသွန် (၂၁.၀၉၇၅ ကီလိုမီတာ)၊ ပြေးကြမယ်ဟေ့ အချစ်ရေ(၅.၂ ကီလိုမီတာ) နှင့် ၁၃၁၄ ထာဝရချစ်မည်  မာရသွန်(အပြည့်၊ တစ်ဝက်၊ ၅.၂ ကီလိုမီတာ)စသည့်ပြိုင်ပွဲလေးခု ပါဝင်သည်။ အဆိုပါပြိုင်ပွဲသည် လန်ချန်း-မဲခေါင် ၆ နိုင်ငံနှင့်အတူ ကင်ညာ၊ အမေရိကန်၊ ပြင်သစ်၊ ကနေဒါနှင့် ဩစတြေးလျ စသည့် နိုင်ငံနှင့် ဒေသပေါင်း ၁၃ ခုမှ လက်ရွေးစင်ပေါင်း ၁၂၀၀၀ ဦးအား ပါဝင်ယှဉ်ပြိုင်ရန် ဆွဲဆောင်နိုင်ခဲ့သည်။

ကူမင်းမြို့ရှိ ထိုင်းနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ပါဗီဝန်က ယခုအကြိမ် မာရသွန်သည် တာ့လီ၏ကြွယ်ဝသောသမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကို တွေ့ကြုံခံစားနိုင်ရန်၊ တာ့လီ၏ ကြွယ်ဝသော ဇီဝအရင်းအမြစ်များနှင့် ကောင်းမွန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို မျက်မြင်သက်သေထူရန် အခွင့်အလမ်းဖြစ်သလို  ၎င်းသည် အစိမ်းရောင်သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ပြီး ကျန်းမာသောလူနေမှုပုံစံကို ဖော်ဆောင်ရာခြင်း ဖြစ်ရာ ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ အကောင်အထည်ဖော်ရေးကို အထောက်အကူပြုကြောင်း ပြောကြားပါသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီမာရသွန်ပြိုင်ပွဲသည် လန်ချန်း-မဲခေါင်ဒေသတွင် လူမှုရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ပြီး လန်ချန်း-မဲခေါင်ဒေသရှိ ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေမည့် ပေါင်းကူးတံတားကို ပို၍ခိုင်မာလာစေနိုင်မည်ဖြစ်သည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။