ရှီကျင့်ဖိန်သည်ဥရောပ-အာရှစီးပွားရေးအဖွဲ့၏ဒုတိယအကြိမ်မြောက်ဥရောပ-အာရှစီးပွားရေးဖိုရမ်မျက်နှာစုံညီအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီးမိန့်ခွန်းပြောကြား

CRI, May 26, 2023
Size:

မေလ၂၄ရက်နေ့ကတရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည်ဥရောပ-အာရှစီးပွားရေးအဖွဲ့၏ဒုတိယအကြိမ်မြောက်ဥရောပ-အာရှစီးပွားရေးဖိုရမ်မျက်နှာစုံညီအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ဗွီဒီယိုစနစ်ဖြင့်တက်ရောက်ပြီးမိန့်ခွန်းပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်ကဥရောပ-အာရှမိသားစုကြီးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးမှာဥရောပ-အာရှဒေသနှင့်ခွဲမရဘဲဥရောပ-အာရှဒေသကိုလည်းအကျိုးဆောင်ကျဉ်းပေးနိုင်ကြောင်း၊တရုတ်နိုင်ငံအနေဖြင့် Belt and Road အတူတည်ဆောက်ခြင်းနှင့်ဥရောပ-အာရှစီးပွားရေးအဖွဲ့တည်ဆောက်ရေးချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပြီးပိုမိုနက်ရှိုင်းစွာပိုမိုထိရောက်စွာအကောင်အထည်ဖော်ရန်၊နိုင်ငံအသီးသီးတို့သည်စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ပြီးဥရောပ-အာရှပူးပေါင်းဆောင်ရွက်ရေးအခြေအနေသစ်ကိုလက်တွဲဖန်တီးရန်စိတ်ရင်းမှန်ဖြင့်မျှော်လင့်ပါကြောင်း၊ယခုနှစ်ဒုတိယနှစ်ဝက်ပိုင်းတွင်တရုတ်နိုင်ငံသည်တတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေးကိုကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် Belt and Road အတူတည်ဆောက်ရေးနိုင်ငံများ၊ဥရောပ-အာရှစီးပွားရေးအဖွဲ့အဖွဲ့ဝင်နိုင်ငံများနှင့်အတူငြိမ်းချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေး၊ပူးပေါင်းဆောင်ရွက်ရေး၊အပြန်အလှန်အကျိုးရှိစေရေးအလံကိုဆက်လက်စွဲကိုင်ထားပြီး

အခက်အခဲများကိုအတူတကွရင်ဆိုင်ကျော်လွှားကာအနာဂတ်ကိုအတူတကွဖန်တီးရန်၊multipolarizationကမ္ဘာ့ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍသစ်ကိုလက်တွဲဖန်တီးရန်ဆန္ဒရှိကြောင်းပြောကြားခဲ့ပါသည်။
ဥရောပ-အာရှစီးပွားရေးအဖွဲ့၏ဒုတိယအကြိမ်မြောက်ဥရောပ-အာရှစီးပွားရေးဖိုရမ်ကိုမေလ၂၄ရက်နေ့ကရုရှားနိုင်ငံမော်စကိုမြို့တွင်ကျင်းပခဲ့ပါသည်။ဖိုရမ်၏ဆောင်ပုဒ်မှာmultipolarizationကမ္ဘာထဲတွင်ဥရောပ-အာရှတစ်ပြေးညီဖြစ်ရေးဖြစ်ပါသည်။