အာဆီယံ-တရုတ်ဆက်ဆံမှုနီးကပ်ခြင်းသည် နှစ်ဦးနှစ်ဖက်တို့၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီဟု အင်ဒိုအရာရှိ ဆို

CRI, May 26, 2023
Size:

ဒေသစံတော်ချိန် ယခုလ ၁၀ ရက်နေ့ ညနေပိုင်းတွင် အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပသည့်အတောအတွင်း အင်ဒိုနီးရှားနိုင်ငံ ခရီးသွားနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ စီးပွားရေးဝန်ကြီး Sandiaga Uno က သတင်းစာရှင်းလင်းပွဲ  ကျင်းပခဲ့ပါသည်။ Uno က တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံးသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဖြစ်ကြောင်း၊ အာဆီယံ- တရုတ်အကြား ပိုမိုနီးကပ်လာသော ဆက်ဆံမှုသည် နှစ်ဦးနှစ်ဖက်တို့၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီရုံသာမက ကမ္ဘာ့အတွက်လည်း အကျိုးရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။